ကာဘူးလ်၊ ဖေဖော်ဝါရီ(၂၁)

အရင်ကထားရှိခဲ့တဲ့ နိုင်ငံခြားစစ်အခြေစိုက်စစ်စခန်းတွေကို စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အထူးစီးပွားရေးဇုန်တွေအဖြစ် ပြောင်းလဲပစ်မယ့်အစီအစဉ်တွေကို  ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာလီဘန်အစိုးရ စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ (၁၉ ) ရက်နေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ အရင်က အမေရိကန်အခြေစိုက်စခန်းတွေအတွက် အစီအစဉ် တွေကို လုပ်ဆောင်နေပြီး ယာယီလက်ထောက်ဝန်ကြီးချုပ်ဦးဆောင်တဲ့ စီးပွားရေးကော်မတီနှစ်ရပ်စလုံးထံ တင်ပြကာ အစိုးရအဖွဲ့ထံ အတည်ပြုချက်ရယူမှာဖြစ်ကြောင်း ဒီဇင်ဘာလက ရိုက်တာသတင်းဌာနသို့ ပြောခဲ့ ပါသေးတယ်။

စေ့စေ့စပ်စပ်ဆွေးနွေးပြီးတဲ့နောက် စက်မှုနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အဲဒီစခန်းတွေကို အထူးစီး ပွားရေးဇုန်တွေအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ ကျန်ရှိနေတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ စစ်အခြေစိုက်စခန်း တွေကို အဆင့်ဆင့်ထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြို့တော်ကာဘူးလ်နဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ အခြေစိုက်စခန်းတွေကို  အသွင်ပြောင်းဖို့ ရှေ့ပြေးအစီ အစဉ်ကိုလည်း ထည့်သွင်းဖော်ပြခဲ့တာပါ။

အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးမှာ ရုန်းကန်နေရပြီး နှစ် ၂၀ ကြာစစ်ပွဲအပြီး ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့က  သိမ်းယူခဲ့ပြီးကတည်းက အကူအညီပေးရေး အေဂျင်စီတွေက ပြင်းထန်တဲ့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းကို သတိပေးခဲ့ပါတယ်။ 

တာလီဘန်တို့ ပြန်လည်သိမ်းယူမှုကြောင့် ဖွံ့ဖြိုးရေးရန်ပုံငွေဖြတ်တောက်မှု၊ နိုင်ငံခြားမှ ချုပ်ကိုင်ထားတဲ့ ဗဟို ဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို ရပ်တန့်စေခြင်းနဲ့ ဘဏ်လုပ်ငန်းကဏ္ဍအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေး ယူမှုတွေ ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

လူသန်းပေါင်းများစွာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မှီခိုနေရဆဲဖြစ်ပြီး တာလီ ဘန်အစိုးရရဲ့ အရင်နှစ်က NGO အမျိုးသမီးလုပ်သားအများစုကို အလုပ်မှ တားမြစ်ဖို့ ဆုံးဖြတ်ချက်ကြောင့် အကူအညီပေးရေးအေဂျင်စီအများအပြားရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှ တစ်စိတ်တစ်ပိုင်းကို ရပ်ဆိုင်းထားဖို့ လှုံ့ဆော်ခဲ့ကြတာပါ။

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှတစ်ဆင့် စီးပွားရေးဖူလုံမှု မြှင့်တင်ဖို့အာရုံစိုက်နေကြောင်း တာလီဘန်တို့က ပြောကြားခဲ့ပြီး တရုတ်စီးပွားရေးသမားတွေနဲ့ နာမည်ကြီးတဲ့ ဟိုတယ်တစ်ခုအပါအဝင် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူအချို့က ဆက်တိုက်တိုက်ခိုက်မှုတွေနဲ့  ပတ်သက်ပြီး စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ပို့ကုန်တွေမြင့်တက်လာတာနဲ့အတူ တာလီဘန်အစိုးရက ၂၀၂၂ ခုနှစ်မှာ ဝင်ငွေကို တည်ငြိမ် အောင် ထိန်းထားနိုင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က မှတ်ချက်ပြုခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.