ဘေဂျင်း – ဖေဖော်ဝါရီ(၂၁) 

ကမ္ဘာလုံးတိုင်ရာ ရာသီဥတုပြောင်းလဲမှုအန္တရာယ်ကို ထိရှလွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒေသ (၂၀) ထဲမှာ တရုတ်နိုင်ငံဟာ (၁၆) ဒေသပါဝင်နေပြီး အရေးကြီးထုတ်လုပ်ရေးစက်မှုဇုံတွေဟာ ရေမျက်နှာပြင်မြင့်တက်တာနဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ရင်ဆိုင်နေရပါတယ်။ 

မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်အချက်အလက်တွေကို အသုံးပြုကာ စီးပွားရေးလုပ်ငန်း တွေက တွန်းပို့တဲ့ အပျက်အစီးတွေကြောင့် လာမယ့် ၂၀၅၀ ခုနှစ်မှာ အပူချိန်မြင့်တက်မှုကို စုံစမ်းစစ်ဆေးဖို့ ရာသီဥတုဘေးအန္တရာယ်ကျွမ်းကျင်ပညာရှင် XDI အဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ဒေသ ၂၆၀၀ ကျော်ကိုလေ့လာခဲ့တာပါ။ 

လေ့လာချက်တွေအရ ဒီရာစုနှစ်အကုန်ပိုင်းမှာ အပူချိန်ဟာ (၃) ဒီဂရီအထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

ကမ္ဘာ့စီးပွားရေးရဲ့ မောင်းနှင်အားကို အဓိက လုပ်ဆောင်နေတဲ့ ဒေသတချို့မှာ ပင်လယ်ရေ မြင့်တက်တာ၊ မြစ်ရေလျှံတာ၊တောမီးလောင်ကျွမ်းတာတွေလို ပိုမိုဆိုးရွားတဲ့ ဘေးအန္တရာယ် ခံစားရနိုင်ဖွယ်ရှိပြီး ဒီအခြေအနေဟာ မြေယာလို ပိုင်ဆိုင်မှုတန်ဖိုးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဟန့်တား ပစ်နိုင်တယ်လို့ XDI ကဆိုထားပါတယ်။ 

“ကမ္ဘာပေါ်က ရာသီဥတုဖြစ်စဥ်များအပေါ် သိသာထင်ရှားတဲ့ အကျိုးဆက်တွေကို ကျွန်ုပ်တို့ ခံစားနေရပါပြီး၊ သူတို့က ထပ်ပြီး မြင့်တက်လာဖို့ပဲရှိမှာပါ။ နောက်ဆုံးမှာတော့ ကျွန်ုပ်တို့ဟာ ရာသီဥတု ဒဏ်ကိုခံနိုင်တဲ့ နည်းလမ်းအတိုင်း ရင်းနှီးမြှုပ်နှံမှုတိုင်းကို စဥ်းစားဆုံးဖြတ်ဖို့ သာရှိ‌တော့မှာပါ” လို့ XDI လေ့လာ‌ရေးအဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံရဲ့ GDP ကိုဆယ်ဆလောက်အထောက်အပံ့ပြုထားတဲ့ ကမ်းရိုးတန်းစက်မှုဇုံ ဒေသ ဂျီရန်ဆူဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုထိခိုက်လွယ်တဲ့ နယ်နိမိတ်တစ်ခုဖြစ်ပြီး သူ့နောက်မှာ ရှန်ဒွန်နဲ့ စတီးအဓိက ထုတ်လုပ်တဲ့ ဟီဘိုင်၊ရေလွှမ်းမိုးမှုဖြစ်ပေါ်တက်တဲ့ ဟီနန် ဒေသတို့ ပါဝင် ပါတယ်။ 

ကမ္ဘာလုံးတိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို အာရှတိုက်မှာ ပြောင်းရွှေ့လာချိန်မှာ တရုတ်ရဲ့ ထိခိုက်လွယ်တဲ့ ဒေသတွေအတွင်း အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလာပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ပိုမိုခံစားလာရနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ 

“အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြစ်ဝကျွန်းပေါ် များ၊ ကမ်းရိုးတန်းဇုံများနှင့် ရေလွှမ်းမိုးမှုဧရိယာများရှိနှင့်ပြီး သဘာဝအားဖြင့် အန္တရာယ်မြင့်မားနေပြီးသား ဧရိယာများမှာ တင်တိုး လာ လာဖို့ရှိနေတော့တာပါ” လို့  XDI အကြီးအကဲက ပြောပါသေးတယ်။ 

တရုတ်နိုင်ငံပိုင်မဟုတ်တဲ့ ရာသီဥတုထိခိုက်လွယ်မှု အမြင့်ဆုံးဒေသ နံပတ်(၁၀) ဟာ ဖလော်ရီဒါ ဖြစ်ပြီး နံပတ်(၁၉) မှာ ကယ်လီဖိုးနီးယား၊ နံပါတ်(၄၆) မှာ နယူးယောက်မြို့နဲ့ အိန္ဒိယနိုင်ငံမှာ လည်း အန္တရာယ်ဖြစ်နိုင်မှု အမြင့်ဆုံးဒေသ တွေ ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.