မော်လမြိုင် – ဖေဖော်ဝါရီ(၂၁)

နိုင်ငံရေးတိကဝတ်တွေကို အမြန်ဆုံးသဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“ကျွန်တော် အမြဲပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံး ပြေ လည်အောင် ဆက်ဆံဖို့နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံ ရေးကတိကဝတ် များကို အမြန်ဆုံး သဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေ မှုကို အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီ” လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ သူတို့သုံးနေကျ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ တွေကြား သွေးခွဲတာတွေ တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အတွက် စစ်အုပ်စုရဲ့ လိမ်လည် ဆွဲခေါ် ဖျားယောင်းမှုနောက်မလိုက်မိဖို့ သတိထားရမှာဖြစ်တယ်လို့ ပြောပါသေးတယ်။

စစ်ကောင်စီကို အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုဟာ ပြည်သူတရပ်လုံး တိုက်တွန်းစောင့်မျှော်နေတဲ့ လေယာဉ်လောင်စာဆီ တင်သွင်းမှုရပ်တန့်ဖို့နဲ့ တင်သွင်းသူတွေကို အရေးယူဖို့ ပါရှိတာတွေ အပြင် လက်နက်ပွဲစားတွေနဲ့ ကုမ္ပဏီတွေကိုလည်း အရေးယူထားတာတွေ့ရတဲ့အတွက် ဒီတကြိမ် EU ရဲ့ ဒဏ်ခတ်အရေးယူမှုကို မြန်မာလူထုကိုယ်စား အသိအမှတ်ပြုကျေးဇူးတင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးကို ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.