ဘန်ကောက်၊ ဖေဖော်ဝါရီ(၁၉)
ထိုင်းနိုင်ငံအတွင်း တောမီးလောင်ကျွမ်းမှုတွေနဲ့ မီးခိုးတွေမပြန့်ပွားစေဖို့အတွက် ဒေသန္တရအားလုံးမှာ မီးမရှို့ရတဲ့ စည်းမျဉ်းကို ထိုင်းအစိုးရက သုံးလကြာသတ်မှတ်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အဲဒီဥပဒေဟာ ဧပြီလအကုန်အထိ သုံးလကြာ မြင့်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဝန်ကြီးချုပ်ရဲ့ ဒုတိယအထွေထွေ အတွင်း ရေးမှူးနဲ့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ (ယာယီ) တို့က ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာအနေနဲ့ သက် ဆိုင်တဲ့ အေဂျင်စီတွေအားလုံးကို ဆွေးနွေးကြဖို့နဲ့ တောင်မီးလောင်ကျွမ်းမှုကို တားဆီးဖို့တုံ့ပြန်ဆောင် ရွက်ချက်တွေ ၊ ကြိုတင်ကာကွယ်ရေး အတိုင်းအတာတွေကို ဆောင်ရွက်ဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ပြောကြားခဲ့တာပါ။
“တောမီးတွေ ကျယ်ပြန့်လာတာကြောင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေး ဧရိယာတွေနဲ့ ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ပျက်စီးစေနိုင်ပြီး လေထုထဲ ပျံ့နှံ့နေတဲ့ PM 2.5 ကို ကာကွယ်ဖို့ တောမီးလောင်ကျွမ်းမှုအခြေအနေကို သုံးသပ်ဆောင်ရွက်မှုတစ်ခုပြုလုပ်ပေးဖို့ သူတို့ကို ညွှန်ကြားခဲ့ပါတယ်” လို့ ဆိုပါတယ်။
PM 2.5 ကတော့ လေထုညစ်ညမ်းစေတဲ့အသေးစားအမှုန်တစ်မျိုးဖြစ်ပြီး လေထုထဲပါဝင်မှု အတိုင်းအတာ မြင့်မားချိန်မှာ လူထုကျန်းမာရေးကို ထိခိုက်စေနိုင်တာပါ။ အဲဒီအမှုန်တွေဟာ အဆုတ်အတွင်းကို ဝင် ရောက်နိုင်သလို သွေးကြောထဲကိုပါ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ ထိုင်းနိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ မီးခိုးနဲ့ တောမီးလောင်ကျွမ်းမှုတွေကို ကြီးစွာသော စိုးရိမ်မှုနဲ့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
“ဝန်ကြီးချုပ်ဟာ တောမီးလောင်ကျွမ်းမှုတွေကို ထိန်းချုပ်နိုင်အောင် ဖြစ်နိုင်တဲ့ ဘယ်အတိုင်းအတာကို မဆို အကောင်အထည်ဖော်ဖို့ အမိန့်ပေးခဲ့သလို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေဧပြီ ၃၀ အထိ မိဘပြည်သူ တွေထံမှ ပူးပေါင်းပါဝင်မှုကို တောင်းခံထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဥပဒေကို ချိုးဖောက်သူတွေကို ပြစ်ဒဏ်ပေးသွားမှာဖြစ်တယ်လို့လည်း ထိုင်းအစိုးရအဖွဲ့ ယာယီပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့တာပါ။
လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနရဲ့ အဆိုအရ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသဟာ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ လေထုညစ်ညမ်းမှုအဆင့်ကို ကြုံတွေ့ရဖွယ်ရှိပြီး သီတင်းပတ်ကုန်အထိ အနီးကပ်စောင့်ကြည့်မှုအောက်မှာ ရှိနေမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ အတွက် မြောက်ပိုင်းပြည်နယ် ၁၇ ခုရှိ အမျိုးသားဥယျာဉ် ၈ ခုနဲ့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၈ ခုကို အာဏာပိုင်တွေက ပိတ်ထားကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Ref,CNA