မနီလာ – ဖေဖော်ဝါရီ(၁၉)
နိုင်ငံရဲ့ နယ်နိမိတ်ကို တစ်လက်မတောင် အဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ပြောခဲ့ပြီး အဲဒီမှတ်ချက်ဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ ရေ ကြောင်းရေးရာ တင်မာမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းရိုန်းတန်းကို စောင့်ကြပ်ရေးအဖွဲ့နဲ့ ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမားတွေကို ဆန့်ကျင်ဟန့်တားတဲ့ တရုတ်ရဲ့ လုပ်ရပ်တွေဟာ အကြိမ်အရေအတွက်ရော ပြင်းအားတွေပါ တိုးမြင့်လာခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ မားကို့စ်က တရုတ်ကိုယ်စားလှယ်ကို ဆင့်ခေါ်ဖူးပါတယ်။
“ဒီနိုင်ငံရဲ့ နယ်နိမိတ်ကို တစ်လက်မလေးတောင် အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ရဲ့ အခြေခံဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ကျွန်ုပ်တို့ရဲ့ အကျင့်စာရိတ္တနိယာမကို ပြင်းထန်စွာ ဆုပ်ကိုင်ထားတဲ့ ရိုးသားမှုနဲ့ အချုပ်အခြာအာဏာကို ဆက်လက်ထိန်းသိမ်းကာကွယ် သွား ါ မယ်” လို့ မားကို့စ် က စစ်ဘက်ဆိုင်ရာကျောင်းသားဟောင်းများ တွေ့ဆုံပွဲမှာ ပြောခဲ့ပါ တယ်။
ဒါ့အပြင် တိုင်းပြည်ဟာ ဘူမိနိုင်ငံရေးတင်းအားတွေ မြင့်တက်နေပြီဖြစ်တာကြောင့် ဒီအခြေ အနေဟာ ဖိလစ်ပိုင်ရဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ စိတ်ကူးတွေအပေါ် သက်တောင့် သက်သာ မဖြစ်စေသလို နိုင်ငံ၊ဒေသနဲ့ ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်သလို ဖြစ်နေတယ် လို့ သူက ပြောပါသေးတယ်။
သမ္မတမားကို့စ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မနီလာအခြေစိုက် တရုတ်သံရုံးကို မှတ်ချက်ပေး ဖို့ ရိုက်တာက တောင်းခံခဲ့ပေမယ့် ဖြေဆိုတာတာ့မရှိခဲ့ပါဘူး။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပင်လယ်အတွင်းစစ်တပ်သုံအဆင့်ရှိတဲ့ အစိမ်းရောင် လေဆာ မီးကို တရုတ်သင်္ဘောတွေပေါ်မှာ တပ်ဆင်ချိန်ရွယ်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန က သံတမန်ရေးရာ ကန့်ကွက်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ဖူးပါတယ်။
တရုတ်ရဲ့ လက်တလော လုပ်ဆောင်ချက်တွေဟာ သမ္မတမားကို့စ်အစိုးရအဖွဲ့ ဘေဂျင်းကို သွားရောက်ပြီး တစ်လအကြာမှာ ပေါ်ထွက်ခဲ့တာဖြစ်ပြီး ကာလရှည်ကြာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ်အရေးကို ပိုမိုတင်းမာမှုတွေ ဖြစ်စေတယ်လို့ သိရပါ တယ်။
နှစ်စဉ် အမေရိကန်ဒေါ်လာ(၃) ထရီလျံနာကို သင်္ဘောကုန်သွယ်ရေးနဲ့ ရှာဖွေနိုင်တဲ့အတွက် မဟာ ဗျူဟာမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို သူတို့ပိုင်ဆိုင်တယ်လို့ တရုတ်က ပြောဆိုခဲ့ပေမယ့် The Hague တရားရုံးက ၂၀၁၆ ခုနှစ်က ပယ်ချဖူးပါတယ်။
Ref: CNA