စင်္ကာပူ – ဖေဖော်ဝါရီ(၁၉) 

အာရှတိုက်အတွင်းက စစ်ပွဲဟာ တိုက်ကြီးအတွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးအတွက်ပါ အပျက်အစီး ဖြစ်စေလိမ့်မယ်လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။ 

(၅၉) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ ကျင်းပတဲ့ ရေကြောင်းလုံခြုံရေးစာပွဲဝိုင်း မှာကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ အာရှမှာ သူတို့ရဲ့စစ်အင်အားကို တိုးမြင့်လာခဲ့ပြီး ဟန့်တားရေး ကြိုတင်ရောချထားမှုဟာ အသင့်အနေအထားရှိနေတယ်လို့ ဆိုခဲ့တာပါ။

အမေရိကန်၊အိန္ဒိယ၊ဩစတြေးလျ၊ဂျပန်(Quad)နဲ့ အမေရိကန်၊ဩစတြေးလျ၊ယူကေ(AUKUS) တို့ကို ဗျူဟာမြောက်အဖွဲ့တွေ ဖွဲ့စည်းထားတာကို ရည်ညွှန်းပြီး ဖိလစ်ပိုင်ရှိ အခြေစိုက်စခန်းတွေ ကို အမေရိကန်က ပိုမိုဝင်ရောက်လာကာ ပြင်ဆင်ရေးလှုပ်ရှားမှုလို့ တရုတ်က ယူဆထားတဲ့ ဥပမာ အနေနဲ့ တောင်ကိုရီးယားမှာ ဒုံးကည်ကာကွယ်ရေးလေ့ကျင့်မှုတွေကို ကိုးကား ပြောဆို ထားပါတယ်။ 

တရုတ်က ဒေသတွင်း စစ်အင်တာ တိုးမြှင့်ခဲ့တာနဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ထဲ ကင်းလှည့်မှုတွေကနေ ထိုင်ဝမ်ရေလက်ကြားရှိ မျဉ်းကိုဖြတ်ကျော်တဲ့ တရုတ်ဂျက် လေယာဉ်တွေအထိ ဖြစ်ပေါ်ခဲ့တယ်လို့ စင်္ကာပူဝန်ကြီးက ဆိုပါတယ်။ 

ဒါကြောင့် နှစ်ဘက်လုံးက ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခကို မဖော်ဆောင်ကြပေမယ့် ထိုင်ဝမ်က ခိုင်မာတဲ့ အဆုံးအဖြတ်ပေးတဲ့ နေရာမှာရှိနေတယ်လို့ သူက ပြောခဲ့ပါတယ်။ 

“ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ပံ့တဲ့ မည်သည့်လှုပ်ရှားမှုမျိုးမဆို တရုတ်က အရေးယူမှု တုံ့ပြန်လုပ်ဆောင်မှာဖြစ်တဲ့အတွက် အဲဒါဟာ တရုတ်ကို အတင်းအကျပ် ဖိအားပေးတဲ့ မမျှတတဲ့ စာချုပ်တွေရဲ့ နောက်ထပ်အခန်းတစ်ခုအနေနဲ့ ရှုမြင်မှာဖြစ်ပြီး တရုတ်ခေါင်းဆောင်က ဒါကို လက်ခံဖို့ ရပ်တည်နိုင်မှာ မဟုတ်ဘူး” လို့ စင်္ကာပူဝန်ကြီးက ပြောခဲ့ပါတယ်။ 

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ အမေရိကန် စစ်လေယာဉ်အချင်းချင်း မီတာအကွာ အဝေးအတွင်း ထိပ်တိုက်တွေ့တဲ့ ဖြစ်ရပ်တွေနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပိုင် နက်အတွင်း တရုတ်ထောက်လှမ်းရေး မီးပုံးပျံ ဖြစ်ရပ်ကို ကိုးကားပြီး အသေးအမွှားဖြစ်ရပ် တွေဟာ ပဋိပက္ခဖြစ်စေဖို့ အစပျိုးဖြစ်နိုင်တယ်လို့ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားပုံကို ဥပမာပေး ပြီး ပြောဆိုခဲ့ပါတယ်။ 

“ကျွန်တော်တို့ အဆင်ပြေတဲ့ အခြေအနေမှာ မဟုတ်ဘူး၊ အပူမီးက မဆူပေမယ့် တက်လာမှာ သေချာတယ်။ အေးအောင်တော့ တတ်နိုင်သမျှ လုပ်ရမယ်” လို့ အာရှတွင်း စစ်ပွဲရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေအကြောင်း သတိပေးခဲ့ပြီး ဒီနေရာမှာ အလားအလာရှိတဲ့ တခြားရွေးချယ်စရာ တွေရှိနေသေးတယ်လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.