မင်္ဂလာပါရှင့်။

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” NUG/PDF များဟာ နေ့စဉ်နှင့်အမျှ အကြမ်း ဖက်မှုတွေကို လုပ်ဆောင်လျက်ရှိရာ လူ့အသိုင်းအဝိုင်းမှ လုံးဝခွင့်မလွတ်နိုင်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ MRTV, MWDရုပ်သံလိုင်းတွေနဲ့ Banyunt တယ်လီဂရမ်အကောင့်ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “NUG/PDF များဟာ နေ့ စဉ်နှင့်အမျှ အကြမ်းဖက်မှုတွေကို လုပ်ဆောင်လျက်ရှိရာ လူ့အသိုင်းအဝိုင်းမှ လုံးဝခွင့်မလွတ်နိုင်သည့် အ စုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း(Miss Killings)နှင့် လူသားဖြစ်တည်မှုကို ခြိမ်းခြောက်တဲ့ရာဇဝတ်မှု Crimes against Humanity တွေကိုလည်း ကျူးလွန်လျှက်ရှိပါတယ် NUG/PDF များအား အရေးယူပေးရန် ပြည်သူများမှ နစကအားတောင်းဆိုနေတယ်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်တပ်လော်ဘီတွေ လိုသလိုပုံဖော်ထားတဲ့ အကြောင်းအရာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ အာဏာသိမ်းအပြီး ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နည်းလမ်းပေါင်းစုံဖြင့် ရက်စက်စွာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ပြည်သူစုစုပေါင်း (၂,၈၉၄) ဦးရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့အနက်တွင် အသက် ၁၈နှစ်အောက် ကလေးသူငယ် (၂၇၉) ဦး၊ အမျိုး သမီး (၄၄၇) ဦး၊ ကျန်းမာရေးဝန်ထမ်း (၇၀) ပါဝင်ပါတယ်။အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ခံရသော နေအိမ် (၆၂,၃၉၉) လုံးရှိပြီး၊ ဘာသာရေးအဆောက်အုံ (၁၆၃) လုံး သည်လည်း နည်းလမ်းပေါင်းစုံဖြင့် ဖျက်ဆီးခံခဲ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားများအားပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေ ကြရသော စစ်ဘေးရှောင်ဦးရေမှာလည်း (၁,၅၇၄,၄၀၀) ဦးရှိနေပြီဖြစ်ပါတယ်။

၂ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှတိုက်ခိုက်မှု အကြိမ်အရေအတွက် (၆၅၄) ကြိမ်ရှိခဲ့ကာ အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူ (၂၈၈) ဦး သေဆုံးကာ (၃၇၇) ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖေဖော် ဝါရီလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ပုံအတုတွေသုံးကာ လက်ရှိအဖြစ်အပျက်နဲ့ လုံးဝဆန့်ကျင်စွာ ပုံဖော်ပြီး NUG,PDF အဖွဲ့တွေ အပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)အဖွဲ့အားလုံးကို အကြမ်း ဖက်နေတဲ့အသွင်ဖြစ်အောင် ပုံဖော်တဲ့နည်းလမ်းသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် တုံ့ပြန်ပြောဆိုချက်ကို သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

Than Lwin Timeသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3KaxSYC

NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဖော်ပြထားတဲ့ လင့်

https://bit.ly/3EdCoSB

Public Voice Television သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://bit.ly/3I4Gv4r

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” NUG/PDF များဟာ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုတွေကို လုပ်ဆောင်လျက်ရှိရာ လူ့အသိုင်းအဝိုင်းမှ လုံးဝခွင့်မလွတ်နိုင်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.