ဂျကာတာ – ဖေဖော်ဝါရီ(၁၈) 

အင်ဒိုနီးရှားနိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ ရာဇဝတ်ကျင့်ထုံးအသစ်ရဲ့ တချို့သော ပြဌာန်းချက် တွေနဲ့ပတ်သက်ပြီး အမေရိကန်က စိုးရိမ်ပူပန်မှုရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကန်က အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆိုဒီကို သတင်းစကားပါးခဲ့တယ်လို့ သိရပါတယ်။

အိမ်ထောင်ရေးပြင်ပ လိင်ဆက်ဆံမှုကို တားမြစ်တာနဲ့ လက်ထပ်ထိမ်းမြားခြင်းမပြုရသေးတဲ့ စုံတွဲတွေကြား အတူနေထိုင်တာကို တားမြစ်ထားတာပါဝင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအသစ်တစ်ရပ် ကို လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ အင်ဒိုနီးရှားဥပဒေပြုအမတ်တွေက ပြဌာန်းခဲ့တာပါ။ 

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ ကိုလိုနီခေတ်ကာလ ဥပဒေတွေကို အစားဖို့ဖို့အတွက် ဖန်တီးထား တဲ့ ဥပဒေမှာ သမ္မတနဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေကို စော်ကားတာနဲ့ နိုင်ငံအစိုးရရဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်တဲ့ အမြင်တွေ ဖြန့်ဝေတာကို တားမြစ်ထားတဲ့ ပြဌာန်းချက်တွေ လည်းပါဝင်တယ်လို့ သိရပါတယ်။ 

ဒီဥပဒေအသစ်ဟာ လူထုလွတ်လပ်မှုကို ကန့်သတ်တယ်လို့ ဝေဖန်ထားကြပြီး မီဒီယာလွတ်လပ် ခွင့်၊ ပုဂ္ဂလိက ရေးရာနဲ့ လူ့အခွင့်အရေးတို့ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ကုလသမဂ္ဂကဆိုထား ပြီး အင်ဒိုအာဏာပိုင်တွေကတော့ ဒီအခြေအနေဟာ အင်ဒိုရဲ့ အမှတ်သရုပ်ကို ထင်ဟပ်ကာကွယ် ဖို့အတွက် ဥပဒေဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းမှာ အမြင့်ဆုံး ပြည်သူ့ဆန္ဒမဲရရှိထားတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ အောင်မြင်မှုကို ဒီဥပဒေပြဌာန်းချက်အသစ်က ထိခိုက်မှု မရှိနိုင်ဘူးလို့ ကျွမ်းကျင်သူတွေ ကဆိုထားပါတယ်။ 

အမေရိကန် ဒီမိုကရက်အထက်လွှတ်တော်အမတ်တွေက ဒီဥပဒေပြဌာန်းချက်အသစ်နဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေကို ဖော်ပြတဲ့ စာတစ်စောင်ကို ဖေဖော်ဝါရီလအတွင်းမှာ ရေးသားပေးပို့ထားတယ်လို့လည်း သိရပါတယ်။ 

 “အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတကာလူအခွင့်အရေးများကို လေးစားလိုက်နာခြင်းနှင့် ၎င်း၏ကိုယ်ပိုင် မူဝါဒနှင့် အကျုံးဝင်မှုရှိစေရန် ပြစ်မှုဆိုင်ရာဥပ‌ဒေအသစ်တွင် ပါဝင်သော တားမြစ်ချက် များကို ပြင်ဆင်ပေးဖို့ စဥ်းစားပေးနိုင်ရန် သင့်ကို ကျွန်ုပ်တို့ တောင်းဆိုပါကြောင်း” လို့ ဖော်ပြထားပါ တယ်။ 

ဖေဖော်ဝါရီလ(၁၆) ရက်နေ့မှာ မစ္စတာဘလင်ကန်က အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မစ္စရန်တို ဆီတောင်းဆိုချက်မှာ အမေရိကန်ပြည်ထောင်စုဟာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရတဲ့ အင်ဒိုနီးရှားရဲ့ အခန်းကဏ္ဍကို ပံ့ပိုးသွားမှာဖြစ်တယ်လို့ ကန်အစိုးရပြောခွင့်ရ နတ်ပရိုက်စ်က ပြောခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.