ဝါရှင်တန် – ဖေဖော်ဝါရီ(၁၈)
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ခဲ့တဲ့ တစ်နှစ်တာ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံက ပြဌာန်းထားတဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ အညီဘက်စုံ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တက်နိုင်သမျှ အမြန်ဆုံးရောက်ဖို့ အလေးပေးတဲ့ ဆုံးဖြတ် ချက်မူကြမ်းကို လာမယ့် အပတ်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
ရုရှားတပ်တွေကို ရုပ်သိမ်းဖို့ တောင်းဆိုသွားမှာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုသွားမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့က စစ်ပွဲစတင်ခဲ့တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံပေါင်းများစွာက နှစ်ရက်ကြာ စကားပြောပြီးနောက် အဖွဲ့ဝင်(၁၉၃) ဦးပါ အထွေထွေညီလာခံ မှာ လာမယ့် ရက်ပိုင်းအတွင်း မဲပေးနိုင်ဖွယ်ရှိနေတာပါ။
ယူကရိန်းထောက်ခံသူတွေဟာ မနှစ်က ဆုံးဖြတ်ချက်တွေအတွက် ထောက်ခံမှုရရှိခဲ့တဲ့ အထွေ ထွေညီလာခံရဲ့ လေးပုံသုံးပုံနီးပါးဆီက ထောက်ခံမဲတွေနဲ့ ရုရှားရဲ့ သံတမန်ရေးအရ အထီးကျန်မှု ကိုပိုမိုဖြစ်ပေါ်စေမှာဖြစ်တယ်လို့ သိရပါတယ်။
“အဖွဲ့ဝင်တွေဆီကနေ ကျယ်ပြန့်တဲ့ပံ့ပိုးမှုကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ အရေးကြီးတာက ယူကရိန်းရဲ့ ကံကြမ္မာတင်မကပါဘူး၊ ပြည်နယ်တိုင်းရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုဂုဏ်သိက္ခာကို လေးစားမှုပဲ” လို့အထွေထွေညီလာခံ ဆုံးဖြတ်ချက် မူကြမ်းကို ဦးဆောင်ကူညီခဲ့သူ ဥရောပသမဂ္ဂ သံအမတ်ကြီးက ပြောပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေ လက်ခံရရှိခဲ့ကြတဲ့ ဆုံးဖြတ်ချက်မူကြမ်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေဖို့ ရုရှားရဲ့ လက်ထောက်ကုလသမဂ္ဂသံအမတ်ကြီးက ငြင်းဆိုထားပါတယ်။
လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ အမေရိကန်၊တရုတ်၊ပြင်သစ်နဲ့ ဗြိတိန်တို့နဲ့ အတူ ရုရှားလည်း ဗီတိုအာဏာအသုံးပြုနိုင်တာကြောင့် ယူကရိန်းအရေးအတွက် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်အတွက် အထွေထွေညီလာခံကို အာရုံစိုက်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရ ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ လုံခြု့ရေးကောင်စီက ယူကရိန်းအရေးအတွက် အစည်းအဝေးတွေ ဒါဇင်နဲ့ ချီပြုလုပ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ဝန်ကြီးများစုဝေးပွဲမှာလည်း စစ်ပွဲကိစ္စကို ထပ်မံဆွေး နွေးမှာဖြစ်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ကို ခရီးထွက်ဖို့ မဖြစ်နိုင်ဘူးလို့ သံတမန်တွေကပြောပါတယ်။
ကုလသမဂ္ဂမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာတဲ့ အဓိကမူဖြစ်တဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို လေးစားလိုက်နားတဲ့ အနေ နဲ့ ယူကရိန်းအတွက် သံတမန်ရေးအရ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
“နိုင်ငံတစ်ခုက တခြားနိုင်ငံကို တိုက်ခိုက်နေတဲ့အချိန်မှာ ကြားနေလို့မရဘူး၊ ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို တိုက်ခိုက်တာ ဖြစ်တယ်။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ ကို တိုက်ခိုက်တာ။ အိမ်နီးချင်းကို တိုက်ခိုက်တာ” လို့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးစ်က ပြီးခဲ့သည့်လက ပြောခဲ့ပါတယ်။
အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေဟာ တရားဝင်ချုပ်နှောင်မှုမရှိပေမယ့် နိုင်ငံရေးအရ အလေးသာစေတယ်လို့ ဆိုကြပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီး အဆိုပြုထားတဲ့ အချက်(၁၀) ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ် ကိုအတည်ပြုဖို့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကို ယူကရိန်းက လိုလားခဲ့ပေမယ့် သံတမန်တွေက မူကြမ်းကို ရှာဖို့အတွက် တက်နိုင်သမျှ ပံ့ပိုးပေးဖို့ ရိုးရှင်းလွန်ကူစေတယ်လို့ သံတမန်တွေက ပြောကြပါတယ်။
ရုရှားနဲ့ အနောက်နိုင်ငံတွေက သံတမန်ရေးအရ ဩဇာလွှမ်းမိုးဖို့ ပြိုင်ဆိုင်နေကြတာကြောင့် အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ရှိ အချို့သော နိုင်ငံတွေဟာ ခက်ထန်တဲ့ ပထဝီ နိုင်ငံရေးပြိုင်ဆိုင်မှု အလယ်မှာ အခက်ကြုံနေရမှာကို စိုးရိမ်နေကြပါတယ်။
Ref: Reuters