ယင်းမာပင် – ဖေဖော်ဝါရီ(၁၈)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ မီးဘေးသင့် ကျေးရွာ တစ်ရွာကို ပြည်သူမှ ပြည်သူတို့ ပရဟိတအဖွဲ့နဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ကော်မတီတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
မီးဘေးသင့်ပြည်သူတွေကို ထမင်းချက်ဒန်အိုးတစ်လုံး၊ကြွေဇလုံတစ်လုံး၊ဇလုံတစ်လုံး၊ ဇွန်း ငါးချောင်း၊ ဆန်နှစ်ပြည်နဲ့ ဆီတစ်ဘူး ထောက်ပံ့ပေးခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံက မြို့နယ်ပေါင်း (၃၇) မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ကိုင်းတိုင်းမှာတော့ ယင်းမာပင်၊တန့်ဆည်၊ရေဦး၊ခင်ဦး၊ပုလဲ၊ဆားလင်းကြီး နဲ့ မြောင်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားကာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပိုင်နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ(၅၇၈၀၇)လုံးထက်မနည်းမီးရှို့ဖျက်ဆီးခံထားရတယ်လို့ ISP Myanmar က ထုတ်ပြန်ထား ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ