အပစ်ရပ် ၇ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။
တစ်နိုင်ငံလုံး ပစ်ခတ်မှုတိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် ၇ ဖွဲ့ဟာ အားလုံးပါဝင်တဲ့ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းရေးမူကို ဆက် လက်စွဲကိုင်ထားသလို တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ ကြိုးပမ်းတာတွေလည်း ရှိနေတာပါ။
ဒါကြောင့် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းနေမှုအခြေအနေ၊ စစ်ဘောင်ပိုကျယ် လာတဲ့ နိုင်ငံရေး ပြဿနာမှာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ဘယ်အရာတွေက စိန်ခေါ်မှုတွေ ဖြစ်နေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး PPST အနေနဲ့ သက်ဆိုင်ရာအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ပြီးခဲ့တဲ့၂၀၂၂ခုနှစ်နစကနေပြီးတော့ ဒါငြိမ်းချမ်းရေးနှစ်ဆိုပြီးတော့ ပြောဆိုထားတာ ရှိတယ်ပေါ့လေ။ ငြိမ်းချမ်း ရေးကိုရယူတဲ့ နှစ်လား။ ငြိမ်းချမ်းရေးကိုအစပျိုးတဲ့နှစ်လား စသည်အားဖြင့် ကျွန်တော်တို့ဒီမှာကတော့ ထင်မြင်ချက်တွေက ကျွန်တော်တို့ ပေးခဲ့ပြီပေါ့လေ။ အခုလက်ရှိအချိန်က ၂၀၂၂ကကျော်သွားလို့ ၂၀၂၃ကို ကျွန်တော် တို့ ရောက်လာခဲ့ပြီ။ ကျွန်တော်တို့ ငြိမ်းချမ်း ရေးနဲ့ အလှမ်းဝေးနေဆဲ အဆင့်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်ပြောချင်တာက PPST အနေနဲ့ကတော့ အပြောင်း အလဲမရှိပါဘူး။ PPSTဆိုတာကလည်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ကနေပြီး NCA ရေးထိုးပြီး တဲ့နောက် အပစ်ခတ်ရပ်စဲထားတဲ့ကာလမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ပဲပြောမလား။ နိုင်ငံရေးတွေ့ဆုံ ဆွေး နွေးပွဲ ပြောမလား။ အဲ့ဒါလေးကို ကျွန်တော်တို့ စနစ်တကျနဲ့ လုပ်ဆောင်နိုင်အောင် ဦးဆောင်မှုပေးဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဆိုပြီးတော့ NCA ရေးထိုးပြီးနောက်ပိုင်း ကျွန်တော်တို့ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်တယ်။သို့သော်လည်းပဲ PPST ရဲ့စုဖွဲ့မှုကလည်း ဒါလက်ရှိအခြေအနေမှာတော့ ကျွန်တော် အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ အပြောင်းအလဲတွေ ရှိတယ်။ အရင်တုန်းက(၁၀)ဖွဲ့နဲ့စုဖွဲ့ခဲ့ပေမယ့် အခု ဆိုရင် ကျွန်တော်တို့က 7+3 အနေနဲ့ ဆက်သွားနေတဲ့အခင်းအကျင်းပဲ။ သို့သော်လည်း စုဖွဲ့မှုအရ ကျွန်တော် တို့ ဒါအပြောင်းအလဲရှိသော်လည်းပဲ PPST ရဲ့ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့သူရဲ့ ကြိုးပမ်းမှုတွေကတော့ အ ပြောင်းအလဲ တစ်စုံတစ်ရာမရှိပါဘူး။
ကျွန်တော်တို့ ၂၀၂၁ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အာဏာထိန်းတယ်လို့ပဲ ပြောပြော၊ သိမ်းတယ်ပဲပြောပြော အဲဒီနောက်ပိုင်း NCA ယန္တရားအတိုင်း လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ ရပ်တန့်သွား တယ်။ သို့သော်လည်းပဲ PPST အနေနဲ့က ပြီးခဲ့တဲ့ ၂၀၂၂ဧပြီလဆန်း SUMMITအပြီး ထုတ်ပြန်ချက်အရဆိုရင် ဒါလက်ရှိမြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရန် PPST အနေနဲ့အဆင်သင့်ရှိတယ်ဆိုတဲ့ ရပ်တည်ချက်အပေါ်မှာ ဆက်လက်ကြိုးပမ်းတယ်။ NCAသဘောတူညီချက်အတိုင်း NCAမှာရှိနေတဲ့ ယန္တရား အတိုင်း လုပ်ဆောင်တာ မဟုတ်ပဲနဲ့ NCAမှာရှိတဲ့ NCAအနှစ်သာရ၃ချက်ပေါ့လေ။ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းဖို့၊ နောက်ပြီးတော့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့။ ပြီးတော့ အရပ်သားများကို ကာကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ဆိုတဲ့ NCA ရဲ့အနှစ်သာရ ၃ ချက်အပေါ်မှာ PPST အနေနဲ့ တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်မှုတွေ ရှိခဲ့တယ်။ ရှိလည်းရှိနေဆဲဖြစ်တယ်။
-တဖက်မှာတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ တွေ့ဆုံဆွေးနွေးပွဲထက် စစ်ဘောင်ပိုကျယ်လာတဲ့ အခြေအနေ ရောက်လာတယ်ဆိုတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ ဘယ်အရာတွေက စိန်ခေါ်မှုတွေ ဖြစ်နေလဲ။
ကျွန်တော်တို့ နိုင်ငံအခြေအနေကတော့ အားလုံးသိပြီးသားပဲလေ။ ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော်တို့ တစ်သက် တာပေါ့လေ။ နှစ်ပေါင်း(၇၀)ကျော် လွတ်လတ်ရေးရယူပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခင်းအကျင်း သမိုင်းကြောင်း အရဆိုရင် ကျွန်တော်တို့ ဘယ်ခေတ်၊ ဘယ်အချိန်အခါ၊ ဘယ်အစိုးရ လက်ထက် မှာမှ ကျွန်တော်တို့မကြုံခဲ့ဖူးတဲ့ အခက်အခဲတွေ အကျပ်အ တည်းတွေ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတယ်။ ရင်ဆိုင် နေရဆဲလည်းဖြစ်တယ်။ ဆက်လက်ပြီးတော့ ရင်ဆိုင်ရဖို့ကလည်း အရိပ်အ ယောင်က ရှိနေသေးတဲ့ ကာလ တွေမှာပေါ့လေ။ PPST အနေနဲ့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာနိုင်မယ့် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ပေါ် ပေါက်လာဖို့ဆိုတာကတော့ ဒီအချိန်မှာတော့ အမှန်တကယ်လည်း စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိ နေဆဲဖြစ်တယ်။ ဒါပေမယ့်အခက်အခဲ အကျပ်အတည်းတွေ ဘယ်လိုပဲစိန်ခေါ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကျွန် တော်တို့အနေနဲ့ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲအကျပ်အတည်း အရင်းခံပြဿနာက နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အ ဖြေရှာတဲ့ နိုင်ငံရေးယှဉ်ကျေးမှု အသစ်တည်ဆောက်ပြီးတော့ ကြိုးပမ်းလုပ်ဆောင်ခြင်းကသာလျှင် ဒါကျွန်တော် တို့အနေနဲ့ပေါ့လေ ပြည်ထောင်စုအတွက်ပဲပြောပြော၊ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအတွက်ပဲပြောပြော၊ ထိ ခိုက်နစ်နာမှု အနည်းဆုံးလမ်းကြောင်းတစ်ခုကို ဒါရွေးချယ်နိင်မယ်လို့ ကျွန်တော်တို့က ယုံကြည်တဲ့အတွက် ကြောင့် ဒီလိုပဲ တစိုက်မတ်မတ် ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်မှုတွေ ရှိတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး ဆို တဲ့ ကိစ္စရပ်ကိုလည်း ကျွန်တော်တို့ နားလည်းမှုတူနိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားဖို့လည်း လိုအပ်တယ် ထင်ပါတယ်။ ကျွန်တော်တို့ PPST အနေနဲ့ကတော့ ကျွန်တော်တို့ပြောပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ ကိုယ့် အဖွဲ့ ကိုယ့်ရဲ့လူမျိုးတစ်မျိုး၊ ကိုယ့်ရဲ့ဒေသကိုယ့်အတွက်ကို ရည်ရွယ်ပြီးတော့ ဖော်ဆောင်လိုတဲ့ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။
ကျွန်တော်တို့ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် တကယ်လိုအပ်တဲ့ ငြိမ်းချမ်းရေးမျိုး ကတော့ နောင် လာနောက်သားမျိုးဆက်သစ်တွေအတွက် အမွေကောင်းတစ်ခုဖြစ်စေနိုင်မယ့် ပြည်ထောင်စုငြိမ်း ချမ်းရေးကို ပြောတာဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ ပြောလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ်နဲ့ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ နည်းလမ်းကလွဲလို့ တခြားနည်းလမ်းမရှိပါဘူး။ ဒါကြောင့် မို့ ပြည်ထောင်စုငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ့် ဒီဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့က ဖက်ဒရယ်အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးကနေပြီးတော့မှ နိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် တွေ့ဆုံဆွေးနွေးမှု စကားပွဲဝိုင်းအပေါ်မှာ ကျွန်တော် တို့ ပေါ်ပေါက်လာဖို့ပေါ့လေ။ အဲ့ဒီအခင်းအကျင်းဖြစ်ပေါ်လာဖို့ကတော့ ရှိသမျှကိုယ်အား၊ ဉာဏ်အားနဲ့ ကျွန် တော်တို့က ဆက်လက်ကြိုးပမ်း လုပ်ဆောင်နေပါတယ်ဆိုတာ ပြန်ပြီးတော့ ပြောချင်ပါတယ်ခင်ဗျ။
-နောက်ဆုံးအနေနဲ့ စစ်ဘောင်ပိုကျယ်လာတဲ့ အခြေအနေမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ ဘာတွေ ဆက်လုပ်သွားဖို့ စီစဉ်ထားပါသလဲ။
ဟုတ်ကဲ့ပါ။ ဒါလည်း သိပ်ကောင်းတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ PPST အနေနဲ့ ရပ်တည်ချက်၊ ယုံကြည်မှုဆို တာကလည်း ကျွန်တော်ပြောချင်တာက ခုနက ကျွန်တော်တို့ပြောနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အခင်းအကျင်း ပကတိအခြေ အနေပေါ့လေ။ ကျွန်တော်တို့ ဘယ်ခေတ်၊ ဘယ်အချိန်ခါမှာ မကြုံခဲ့ဖူးတဲ့ အင်မ တန်မှ ခက်ခဲနက်နဲကျပ်တည်းတဲ့ ဒီကာလတစ်ခုကို ဖြတ်ကျော်နေတဲ့ အချိန်မှာကတော့ ကျွန်တော်နားလည် သလောက်ဆိုရင် ဘယ်အစုအဖွဲ့ထဲမှာပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းထဲမှာ ပဲဖြစ်ဖြစ် ကျွန်တော်တို့တစ်ဖွဲ့ ချင်း စီကြားမှာတောင်မှ တစ်ခါတလေကျရင် ကျွန်တော်တို့နားလည်မှုယူတာတို့၊ သဘောထားမ တိုက်ဆိုင်တာတို့ အမြင်မတူတာတို့ကတော့ ရှိကောင်းရှိနေနိုင်ပါတယ်။ ရှိလည်းရှိနေပါတယ်။ ဒါတွေက ပကတိအရှိတရားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လက်ခံပေးနိုင်အောင် ကျွန်တော်တို့ကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အားသာချက်တွေလည်း ရှိပါတယ်။ အဲဒါက ကျွန်တော်တို့က ဘယ်လိုပဲ အသွင်တွေအမျိုးမျိုးနဲ့ ရှိနေကြသော် လည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ခုနက ပြောသလိုပဲ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ဆိုရင် ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မဖြစ်မနေတည်ဆောက်ရမယ်ဆိုတာလည်း ကျွန်တော်တို့ နားလည်မှုလည်း တူခဲ့ပြီး သား အားသာချက်တွေလည်း ကျွန်တော်တို့အနေနဲ့ နားလည်ထားပါတယ်။ သို့သော်လည်းခုနကလို ပုံမှန်အနေ အထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက်မှာတော့ ကျွန်တော်တို့တတွေက ရည်မှန်းချက်တူ ရဲ့သားနဲ့ ကျွန်တော်တို့သွားလိုတဲ့ ပန်းတိုင်ဟာ တစ်ခုတည်းတစ်ထပ်တည်း ဖြစ်ရဲ့သားနဲ့ ဒီလိုမျိုးအခက်အခဲအကျပ်အတည်း ကာလမှာတော့ ဒါသွားနည်း သွားဟန်တို့၊ လုပ်နည်းကိုင်နည်းတို့ ဒါကတော့ ကွဲလွဲကောင်းကွဲလွဲမှု ရှိကောင်းရှိနေနိုင်ပါတယ်။ ရှိလည်းရှိနေပါတယ်။ ဒါတွေကလည်း ခုနက ကျွန်တော်ပြောသလိုပါပဲ။ ဒါပကတိအရှိတရားပဲလို့ ကျွန်တော်တို့လက်ခံပေးရမှာဖြစ်ပါတယ်။
သို့သော်လည်းပဲ ခုနက အားသာချက်ရှိပြီးသား၊ ကျွန်တော်တို့ ရည်မှန်းချက်တူညီပြီးသား ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖက်ဒရယ်ဒီမိုက ရေစီတည်ဆောက်ဖို့ အဲဒီလိုမျိုးပန်းတိုင်တူညီထားပြီးသား အားသာချက်တွေ ရှိပြီးသားအပေါ်မှာ လက်ရှိနိုင်ငံ ရေး အကျပ်အတည်းကာလ ကျွန်တော်တို့ လုပ်နည်းကိုင်နည်း ချဉ်းကပ်ပုံချဉ်းကပ်နည်း ကွဲပြားမှုတွေ ရှိတယ်ဆိုပေမယ့်လည်း ကျွန်တော် တို့ ပြောနေတဲ့ အခင်းအကျင်း တစ်ခုအောက်ကို ပါလာဖို့က ကျွန်တော်တို့ တစ်နေ့မဟုတ်တစ်နေ့ ကြိုးပမ်းဆောင် ရွက်နိုင်လိမ့်မယ် လို့ အဲဒီလိုယုံကြည်မှုရှိလို့ ဆက်လက်ကြိုးပမ်းဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း နည်းနဲ့ အဖြေရှာနိုင်မယ့် အခင်းအ ကျင်းတစ်ခုကို ကျွန်တော်တို့က အခက်အခဲအမျိုးမျိုးကြားကပေါ့လေ။ စိန်ခေါ်မှုတွေ အမျိုးမျိုး ရှိတဲ့ကြားကနေ ကြိုးပမ်းဆောင်ရွက်ဖို့ ကျွန်တော်တို့ တစိုက်မတ်မတ်လုပ်ဆောင်နေတာဖြစ်တယ်။ ကြိုးပမ်းဆောင်ရွက်နိုင်လိမ့် မယ်လို့လည်း ယုံကြည်မှုရှိချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ တူညီနေပြီးသား ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့ တူညီနေပြီးသား ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ဆိုတဲ့ ပန်းတိုင်တွေကလည်း ကျွန်တော်တို့မှာ အားသာချက် တွေက ရှိနေတဲ့အတွက် အခက်အခဲအမျိုးမျိုးကြားကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်ခင်ဗျ။