ညောင်လေးပင်၊ ဖေဖော်ဝါရီ(၁၄)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ ရထားဘူတာရုံမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက် ကွဲမှုကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ညောင်လေးပင်ဘူတာမှာ ခရီးသည်တွေ ရထားစောင့်ဆိုင်းနေစဉ် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာနေ မလဲ့လဲ့အေး၊ မနွဲ့နွဲ့ဝင်း၊ ကိုသက်နိုင်ထွန်းတို့ ၃ ဦး သေဆုံးသွားခဲ့တာပါ။

ဒါ့အပြင် အဲဒီဗုံးပေါက်ကွဲမှာ တောင်တွင်းကြီးမြို့နယ်နေသူ ဒေါ်သန်းဌေး၊ မသူဇာလင်း၊ ဒေါ်ခင်မိုးဝင်း၊ ကိုသက် ပိုင်ကျော်၊ မနုဝါ၊ ညောင်လေးပင်မြို့နေသူ မပြည့်ဖူးခိုင်၊ ကိုသိန်းဇော်၊ ဒိုက်ဦးနေသူ ကိုအောင်ထွန်းလင်း၊ ပြွန်တန်ဆာနေသူ ဒေါ်ခင်အေးမြင့်တို့ ၉ ဦးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ ခရီးသည်တွေကိုတော့ လူမှုကယ်ဆယ်ဆယ်ရေးအဖွဲ့တွေက ညောင်လေးပင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ စစ်တပ်အာဏာသိမ်းတဲ့၂ နှစ်အတွင်း ဘူတာရုံမှာ ဗုံးပေါက်ကွဲမှုကြောင့် ခရီးသည်တွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.