နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

အရပ်သားတွေအပါအဝင် ဝန်ထမ်းတွေပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်ဆောင်ခွင့်မူမှာ ဝန်ထမ်းတွေအပြင် အရပ်သားတွေပါ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။

လက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်မှုဟာ စစ်ကောင်စီမှာ ဘယ်လို ရည်ရွယ်ချက်တွေရှိနေလဲ။ ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေ၊ နိုင်ငံတကာ လက်နက်ကိုင်ဆောင်ခွင့်မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်ကောင်စီက အရပ်သားတွေပါ လက်နက်ကိုင်ဆောင်နိုင်တဲ့ လက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန် မှုအပေါ် ဘယ်လို မြင်ပါသလဲ။

စစ်ရေးပဋိပက္ခများနေတဲ့အချိန်မှာ စစ်ရေးပဋိပက္ခထဲမှာ ပါဝင်သူကသီးခြားရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေး ဘက်ကပဲဖြစ်ဖြစ်၊ စစ်တပ်ဘက်ကပဲဖြစ်ဖြစ် နဂိုတည်းက လက်နက်ကိုင်ဆောင်ဖို့ ရည်ရွယ်ပြီးတော့ သူတို့ပါဝင် ပတ်သက်သူက သီးခြားရှိတယ်။ ဆို တော့ အဲဒီလိုဟာမျိုးမှာ ဘယ်သူကအန္တရာယ်ရှိတယ်။ ဘယ်သူက အန္တ ရာယ်မရှိဘူး ဆိုတဲ့ဟာက သူတို့ဘာသူတို့ ခွဲခြား သတ်မှတ် ပြီးသားဖြစ်တယ်။ ဒါပေမယ့် အခုလိုမျိုး အရပ်ဖက် ဝန်ထမ်းတွေ၊ စစ်ရေးဘက်မှာ နဂိုတည်းက ပါဝင်ပတ်သက်မှုမရှိတဲ့လူတွေ နောက်ပိုဆိုးတာက အာဏာသိမ်းပြီး နောက်ပိုင်းမှာကတည်းက ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းထဲမှာ၊ လူတွေအချင်း ချင်းကြားထဲမှာ မယုံမသင်္ကာတဲ့ အတွေးတွေ အရမ်းပေါ်ထွက်လာတယ်။

တစ်ယောက်နဲ့တစ်ယောက် သံသယတွေ ကြီးထွားလာနေတဲ့အချိန်မျိုးမှာ ဒီလိုလက်နက်တပ်ဆင်ပေးလိုက် တယ်ဆိုတဲ့ဟာက အင်မတန်အန္တရာယ်များတယ်။ ဘာဖြစ်လို့လဲဆို အဲဒီလူတွေက နဂိုတည်းက လက်နက်ကိုင် ဆောင်ဖို့အတွက် စစ်ရေးအရ ပါဝင် ပတ်သက်လိုတဲ့လူတွေ မဟုတ်ဘူး။ အရပ်ဖက်ဝန်ထမ်းတွေဖြစ်တယ်။ ပြီးတော့ လက်နက်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို အများကြီး စဉ်းစားပြင်ဆင်ပြီးတော့ ဆောင်ရွက်ထားတဲ့ လေ့ကျင့်ထားတဲ့လူတွေလည်း မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ပိုပြီးတော့ ရပ်ထဲ ရွာထဲမှာ ထိခိုက်မှုတွေ ပြီးတော့ ပဋိပက္ခပိုပြီးတော့ များလာနိုင်စရာရှိတယ်။ အထူးသဖြင့်တော့ ဒီလိုမျိုးအရပ်ဖက်ထဲမှာ လက်နက်ပါ ဝင်ပတ်သက်တဲ့ ပဋိပက္ခတွေဖြစ်လာတယ်ဆို ပိုပြီးတော့ရှုပ်ထွေးပြီးတော့ ပြင်လို့မရတဲ့ အမှားတွေပိုပြီးတော့ ကျူးလွန်လာတာပိုပြီး တော့ များလာမယ်လို့ မှန်းဆပါတယ်ခင်ဗျ။

-နောက်တစ်ခုက လက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်မှုဟာ စစ်ကောင်စီမှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေလဲ။

အကြမ်းဖျဉ်းအခြေခံအရတော့ တောက်လျှောက်ဖြစ်လာတဲ့အထိ သူတို့နိုင်ငံတွင်းကို ထိန်းချုပ်ဖို့ သူတို့ခက်ခဲ လာတယ်ဆိုတာ သိသာတယ်။ သူတို့နောက်ဆုံးမာရှယ်လောလည်း ထုတ်ထားတယ်။ မာရှယ်လောထုတ် ပြီးတော့ ထိန်းချုပ်နေတဲ့အချိန်မှာ ကျန်တဲ့ မာရှယ်လောမထုတ်ထားတဲ့ နေရာတွေမှာလည်း လက်နက်ကိုင် ပဋိပက္ခ အထူးသဖြင့်စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေ ရှိလာတဲ့အခါ လုံခြုံရေးပေးဖို့ ခက်ခဲလာတဲ့သဘောတွေ ရှိလာတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီလိုမျိုး လုံခြုံရေးအရ ခေါင်းစဉ် တပ်ပြီးတော့ ပြည်သူတွေကို လက်နက်တပ်ဆင်ပေးလိုက်တဲ့တာက သူတို့နဲ့ရှိနေတဲ့ ပဋိပက္ခက ပြည်သူအချင်း ချင်း ဖြစ်ပွားတဲ့ ပဋိပက္ခအသွင်မျိုး ရောက်သွားအောင် တမင်ဖန်တီးပြီး လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့တောင် ကျွန်တော်တို့ ဝေဖန်သုံးသပ်လို့ ရကောင်းရနိုင်တယ်။

ဘာဖြစ်လို့လဲဆို ဒီဟာက တစ်ချိန်မှာလက်နက်တပ်ဆင်ရတဲ့ ပြည်သူအချင်းချင်းကြားထဲမှာ ကျွန်တော်တို့ ဒီလို မျိုးသတ်ဖြတ်မှုတွေ ဖြစ်လာတယ်ဆိုရင် ပြည်သူအချင်းချင်း နာကျည်းစရာကိစ္စရပ်တွေ ပေါက်ဖွားလာစရာ အကြောင်းဖြစ်တယ်။ ကျွန်တော်တို့ ရပ်ထဲရွာထဲမှာ အုပ်စုဖွဲ့ပြီး တိုက်ခိုက်တာတွေ ဖြစ်လာနိုင်စရာအကြောင်း တွေ ရှိသွားနိုင်တယ်။ အဲဒီလို အသွင်ဖြစ်လာရင် စစ်ကောင်စီနဲ့ နစကနဲ့ ဒီဘက်တော်လှန်ရေးအုပ်စုနဲ့ ဖြစ်တဲ့ပုံ စံမဟုတ်ပဲနဲ့ ပြည်သူအချင်းချင်းကြားထဲမှာ နစကထောက်ခံတဲ့သူနဲ့ ဒီဘက်က နစကကို ဆန့်ကျင်တဲ့သူနဲ့ အ ချင်းချင်းကြားမှာ ပဋိပက္ခဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက် သူတို့ရသွားစရာတော့ ရှိတာပေါ့။ အဲဒီဟာအ တွက် သူတို့ဖန်တီးတယ်လို့ပဲ ကျွန်တော်တို့ ယူဆလို့ ရပါတယ်။

-နောက်ဆုံးအနေနဲ့ နိုင်ငံတကာမှာ လက်နက်ကိုင်ဆောင်ခွင့်မူဝါဒ ဘယ်လိုရှိလဲ။ သူရဲ့ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

နိုင်ငံအရဆို အမေရိကလိုမျိုးဆိုရင်တော့ လက်နက်ကိုင်ဆောင်ခွင့်ဆိုတဲ့ဟာက သူတို့ရဲ့ နိုင်ငံသားအခွင့်အရေး အဖြစ် ပြဌာန်းသတ်မှတ်ထားတာ ရှိတယ်။ ဒါပေမယ့် အဲဒီပြဌာန်းသတ်မှတ်မှုကိုပဲ အခုသူတို့နိုင်ငံတွင်းမှာဖြစ်တဲ့ ကျောင်းတွေမှာ ပစ်ခတ်တာမျိုးတွေ၊ လူမျိုးရေးအရ ဘာသာရေးအရ မုန်းတီးတဲ့အတွက်ကြောင့် ပစ်ခတ်တာ မျိုး၊ သေကြတာမျိုးတွေ ရှိထားတဲ့အတွက်ကြောင့် သူတို့က အဲဒီမူဝါဒပိုင်းဆိုင်ရာကိုပဲ သူတို့ပြန်ပြီးတော့ ငြင်းခုံ နေကြတာရှိတယ်။ လက်နက်ကိုင်ဆောင်ခွင့်ပေးထားတဲ့ တခြားနိုင်ငံတွေဆိုလည်း ဒါတွေရှိတယ်။ ဒါပေမယ့် သိထားတာတော့ လက်နက်ကိုင်ဆောင်ခွင့်ပေးပြီးသွားတဲ့အချိန် လက်နက်ကိုင်ဆောင်ခွင့်ရပြီးသွားတဲ့အချိန်မှာ လက်နက်ကိုင်ဆောင်ခွင့်ကို ပြန်ပြီးရုပ်သိမ်းဖို့ ဆိုတဲ့ဟာက အင်မတန်ခက်ခဲတယ်ဆိုတာ သိရလိမ့်မယ်။ များ သောအားဖြင့် လက်နက်တပ်ဆင်ပေးတာက လွယ်တယ်။ လက်နက်ပြန်ပြီးတော့ သိမ်းယူဖို့ ကိုင်ဆောင်ခွင့်ကို ရုပ်သိမ်းဖို့ဆိုတဲ့ဟာမှာ အချိန်လည်း အင်မတန်ကြာသလိုမျိုး ငြင်းခုန်မှုတွေလည်း ပိုပြီးရှုပ်ထွေးလာတတ်တဲ့ သ ဘောတရားလည်း ရှိတာတွေ့ရတယ်။ ပြောရမယ်ဆိုရင် လက်နက်တပ်ဆင်တယ်ဆိုတဲ့ကိစ္စက အများကြီးပြင် ဆင်ထားဖို့လိုတယ်။ လက်နက်ပိုင်းဆိုင်ရာတွေမှာ ရောင်းဝယ်ခွင့်ပြီးတော့ အဲဒီလိုမှတ်ပုံတင်တဲ့ဟာတွေ၊ အဲဒီ လိုတွေမှာ စည်းစနစ်တကျနဲ့ အကျင့်ပျက်ခြစားမှုကင်းကင်း ဘယ်လိုမျိုးလုပ်ဆောင်နိုင်မလဲ ဆိုတာတွေ အများ ကြီးတွက်ဖို့လိုတယ်။ မဟုတ်ရင် လူတိုင်းလက်ထဲမှာ လွယ်လွယ်ကူကူ လက်နက်ရနေတယ်ဆိုရင် ကျွန်တော် တို့ ဒေါသကြီးနေတဲ့လူထုကြီးနဲ့ ဆိုရင်ပိုပြီးရှုပ်ထွေးလာနိုင်စရာ ပြဿနာတွေပဲပိုများမှာပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.