ကျိုက်ထို၊ ဖေဖော်ဝါရီ(၁၂)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနဲ့သစ်ဆိပ်ပင်ကျေးရွာအကြား ကိုကိုးခြံအနီး ဖြစ်ပွားခဲ့တဲ့ နှစ် ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်တို့ကြား ကိုကိုးခြံအနီး ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ ကျိုက်ထိုမြို့နယ်ကို ဖြတ်သန်းသွားမယ့် စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ဖို့လာစဉ်နဲ့ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အချိန် ၂၀ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က လက် ဦးမှု ရရှိနိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက် ဗိုလ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ပူးပေါင်းအဖွဲ့က ထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီး အဆက်မ ပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကလည်း ဝေါဘက်ကနေ ကျိုက်ထိုဘက်ကလာတဲ့ စစ်ကောင်စီကား ၄ စီးပါ ယာဉ်တန်းကို အင်္ဂဘိုကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေဟာ မကြာ ခဏ တိုက်ခိုက်ခံနေရလို့ စစ်ကောင်စီဘက်က ကင်းပုန်းဝပ်တာ၊ တပ်စွဲနေထိုင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.