ရေး၊ ဖေဖော်ဝါရီ(၁၁)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့စပြီး စစ်ကောင်စီတပ်ဟာ ရေးမြောက်ပိုင်းဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသပြည်သူ့ကာ ကွယ်ရေးအဖွဲ့တာ ဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေးမြို့နယ် မြောက်ပိုင်းဘက်ကျေးရွာတွေဖြစ်တဲ့ ဘဲလမု၊ ရွာဟောင်းကျေးရွာ အပါအဝင် ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပေမယ့် လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတယ်လို့ ရေးပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရေးတောင်ပိုင်းဒေသထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်စစ်ကောင်စီတပ်က ရေးတောင်ပိုင်းဒေသထဲကို စစ်ကြောင်းထိုးတာမရှိပေမယ့် တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီအထိုင်တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေးမြို့နယ်တစ်ခုလုံးကို လုံခြုံရေး အထူး တင်းကျပ်ထားပြီး အရင်ချထားတဲ့ စစ်ဆေးရေးဂိတ်နေရာတွေမှာလည်း လူအင်အားတွေ ထပ်ဖြည့်ကာ လမ်းသွား၊ လမ်းလာတွေကို အသေးစိတ်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

မွန်ပြည်နယ်၊ရေးမြို့နယ်အပါအဝင် နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law)အဖြစ် ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.