ထားဝယ်၊ ဖောဖော်ဝါရီ(၁၁)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဖေ ဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးအင်အားစုပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၃ နာရီလောက်မှာ တပ်အင်အား ၁၀၀ ကျော် တပ်စွဲနေထိုင်နေတဲ့ ပကာရီရဲစခန်းကို KTLA၊ ထားဝယ်ခရိုင် ပကဖနဲ့မဟာမိတ်ညီနောင်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးကြာဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ ပူး ပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် တစ်ဦးကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

အဲဒီတိုက်ပွဲကြောင့် ပကာရီဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့သလို တချို့ဒေသခံတွေကတော့ နေအိမ်ထဲမှာ ပုန်းခိုနေရထိုင်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်နေ့တုန်းကလည်း ပကာရီရဲစခန်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.