ကနီ – ဖေဖော်ဝါရီ(၁၀)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သပြေတောရွာနားမှာ သောင်တင်နေတဲ့ စစ်ကောင်စီထောက်ပို့ သင်္ဘော တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီသင်္ဘောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၁) ရက်နေ့က ကနီးမြို့နယ်မှာ စတင်သောင်တင်နေတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား (၂၀) ထက်မနည်းသေဆုံးခဲ့တယ်လို့ ဆိုထားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ တခြား သင်္ဘောတစ်စီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ သင်္ဘောပေါ်က ရရှိတဲ့ ဒီဇယ်၊ဆန်၊ဆီ၊ဆားနဲ့ လက်နက်ခဲယမ်း တွေကို ခရိုင်မှူးရဲ့ လမ်းညွှန်ချက်နဲ့ သိမ်းဆည်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

စစ်ကောင်စီထောက်ပို့ သင်္ဘောကို ကျောက်လုံးကြီး KLG PDF၊ နဂါးညီနောင်အဖွဲ့၊ Alphaအဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ယင်းမာပင် PDA၊ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊ခရိုင်း တပ်ရင်း-၁၊ ခရိုင်း တပ်ရင်း-၂ နဲ့ ကနီ ယင်းမားပင် ဆားလင်းကြီး မဟာမိတ်ညီနောင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.