ဆိုးလ် – ဖေဖော်ဝါရီ(၁၀) 

တောင်ကိုရီးယားနိုင်ငံမှာ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဟောလိုးဝင်းည လူအုပ်ကြီးနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး လီဆန်မင်ကို စွပ်စွဲပြစ်တင်ဖို့ တောင်ကိုရီးယားလွှတ်တော် ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၈) ရက်နေ့ မဲခွဲဆုံးဖြတ်တာဟာ လွှတ်တော်ကနေ ဖြုတ်ချခဲ့တဲ့ နိုင်ငံရဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာမှာ ဖြစ်ပါတယ်။ 

အဓိကအခိုက်အခံ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ (၁၉၆) နေရာရှိထားတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် (၃၀၀​) လျှို့ဝှက်မဲပေးစနစ်မှာ စွပ်စွဲပြစ်တင်မှဒကို (၁၇၉-၁၀၉) မဲနဲ့ အတည်ပြုခဲ့ပြီး ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့အတွက် အနည်းဆုံး ကိုယ်စားလှယ်(၁၅၀) ရဲ့ ထောက်ခံယူလိုအပ်တယ်လို့ သိရပါတယ်။ 

လွှတ်တော်တရားမျှတမှုကော်မတီက ဒီအဆိုကို ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကို မပေးပို့ခင် ပြန်လည် သုံးသပ်သွားမှာဖြစ်ပြီး စွပ်စွဲပြစ်တင်မှုကို အတည်ပြုဖို့ ဆုံးဖြတ်သွားမှာဖြစ်သလို လုပ်ငန်းစဉ်အတွက် ခြောက်လအထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ 

ဒီမိုကရက်တွေနဲ့ တခြားအတိုက်အခံပါတီတွေက ပြည်ထဲရေးဝန်ကြီး လီဆန်မင်ကို နှုတ်ထွက်ဖို့ တွန်းအားပေးခဲ့ကာ ပြီးစလွယ်တုံ့ပြန်မှုအတွက် တာဝန်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ တောင်ကိုရီးယားရဲ့ သုံးနှစ် အတွင်း ပထမဆုံး Mask မတပ်ရတ့ ဟော်လိုးဝင်းညပွဲတော်ဖြစ်ပြီး အီတယ်ဝန်ခရိုင်ရှိ ကျဉ်းမြောင်းတဲ့ လမ်းကြားတွေမှာ ပြည့်ကြပ်နေတဲ့ လည်ပတ်သူလူအုပ်ကြီးကြောင့် (၁၅၉) ဦးသေဆုံးကာ (၁၉၆) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းချိန်မှာ ဝန်ကြီးလီနဲ့ ရဲတပ်ဖွဲ့တို့ဟာဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အရေးပေါ် ခေါ်ဆိုမှုမှတ်တမ်းတွေကို လူသိရှင်ကြား ထုတ်ပြန်ပြီးနောက်မှာ နိုင်ငံတွေက ကျရောက်တော့မယ့် အန္တရာယ်အတွက် ကြိုတင်သတိပေးခဲ့ကြပြီး လူအုပ်မပိခင် နာရီပိုင်း အလိုမှာ အကူအညီတောင်းခံခဲ့ ကြ တယ်လို့ သိရပါတယ်။ 

ပြည်ထဲရေးဝန်ကြီး လီက မှားယွင်းတဲ့ တုံ့ပြန်မှုတွေအတွက် တောင်းပန်ခဲ့ပေမယ့် ရာထူးနုတ် ထွက်ဖို့ ရှိမရှိ မေးမြန်းချိန်မှာတော့ သူ့ရဲ့ ဦးစားပေးမှာ အခုလိုအဖြစ်ဆိုးမျိုးထပ်မံ မဖြစ်ပွားစေ ဖို့ဖြစ်တယ်လို့ ဆိုထားပါ တယ်။ 

သမ္မတယွန်းဆုခ်ယိုက ဝန်ကြီးလီကို ရာထူးက ထုတ်ပယ်ဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုမှုကို ပယ်ချထားပြီး စွပ်စွဲပြစ်တင်မှုကို ဆက်လက်လုပ်ဆောင်ဖို့အတွက် အာဏာအလွဲသုံးစားလုပ်ခဲ့ တဲ့ ဒီမိုကရက်တွေကိုလည်း ရှုတ်ချခဲ့ပါတယ်။ 

“ဒါဟာ ပါလီမန်ဒီမိုကရေစီစနစ်ကို စွန့်လွှတ်လိုက်တာပါပဲ။ ပါလီမန်နိုင်ငံရေးမှာ ရှက်စရာ ကောင်းတဲ့သမိုင်းအဖြစ် မှတ်တမ်းတင်ခံရလိမ့်မယ်” လို့ အဆိုတင်သွင်းပြီးနောက် သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် မြို့တော်ခန်းမရှေ့မှာ ခွင့်ပြုချက်မရှိဘဲ အောက်မေ့ဖွယ်အထိန်းအမှတ်တစ်ခု ပြုလုပ် ပြီးနောက် နစ်နာသူမိသားစုတွေနဲ့ အစိုးရကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါသေး တယ်။ 

အောက်မေ့ဖွယ်အထိမ်းအမှတ်နဲ့ သက်ဆိုင်တဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက်လည်း တစ်ပတ်အတွင်းဖယ်ရှားဖို့အမိန့်ပေးခဲ့တယ်လို့ မြို့တော်တာဝန်ရှိသူတွေက ပြောထားပါတယ်။ 

ဒီလိုစွဲချက်မျိုးကို ၂၀၁၇ ခုနှစ်ကလည်း သမ္မတ ပါ့က်ဂျွန်ဟေကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက အတည်ပြုလိုက်တဲ့အတွက် ရာထူးက ထုတ်ပယ်ခံခဲ့ရကာ ပထမဆုံးသော ရွေးကောက်ခံ ခေါင်းဆောင်ဖြစ်လာဖူးပါတယ်။ 

သမ္မတသက်တမ်းအတွင်း အကျင့်ပျက်ချစားမှုကြောင့် စုံစမ်းစစ်ဆေးခံရတဲ့အတွက် မိမိကိုယ် ကိုအဆုံးစီရင်ခဲ့တဲ့ သမ္မတဟောင်း ရိုမူးဟွန်းကိုတော့ ၂၀၁၄ ခုနှစ်က စွပ်စွဲပြစ်တင်မှုတွေကို တရားရုံးက ပယ်ချခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.