ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ်၊ မြောက်ပိုင်း ထန်တလန်မြို့ရှိ စစ်ကောင်စီမြို့မရဲစခန်းကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ထန်တလန်ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၉ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် ၄၀ ကျော်နဲ့ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့တာပါ။

ဒါကြောင့် ထန်တလန်မြို့မစခန်းသိမ်းတိုက်ပွဲ အခြေအနေ၊ စစ်ကောင်စီရဲ့ လတ်တလော စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ ထန်တလန်မြို့မရဲစခန်းသိမ်းတိုက်ပွဲ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အတည်ပြုပေးပါဦး။

ဟုတ်ကဲ့မနေ့က ကျွန်တော်တို့ ထန်တလန်မှာ အခြေစိုက်တဲ့ မြို့မရဲစခန်းတစ်ခုကို ကျွန်တော်တို့ ည၉နာရီကနေ ဝင်စီးခဲ့တယ်။ မနက်၂နာရီမှာ အပြီးတိုင်ဝင်စီးနိုင်ခဲ့တယ်။ အဲဒီမှာ စစ်ခွေးနဲ့ ပြည်သူ့ရဲ့ အလောင်းလေးလောင်း တွေ့တယ်။ ကျန်တဲ့ ဟိုရန်သူကတော့ ထွက်ပြေးသွားပုံရပါတယ်။ အဲဒီမှာ ထွေအုပ်ရုံးမှာ အခြေစိုက်လျက်ရှိတဲ့ ဒီစစ်ခွေးရဲ့တပ်စိတ်နေရာကို ကျွန်တော်တို့ ဝင်စီးပေမယ့် သူတို့ကတော့ မရှိတော့ဘူးပေါ့။ လက်နက်(၄၂) လက် ရရှိခဲ့တယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျပြီးတော့ တစ်ယောက်ဒဏ်ရာရတယ်။

-စခန်းသိမ်းပြီးနောက် စစ်ကောင်စီဘက်က ဘယ်လိုပုံစံတွေနဲ့ ပြန်လည် တုံ့ပြန်လာတာရှိလဲ။

အဲဒါနဲ့ သူတို့ဒီမိုးမလင်းတလင်း အချိန်မှာ အခုထိပေါ့။ ဂျက်ဖိုက်တာ ၅စင်းနဲ့ ဗုံးလာကြဲတာတွေ ထန်တလန်မြို့ ပေါ်ရယ်၊ အနီးတဝိုက် ကျွန်တော်တို့ နေနိုင်တယ်ထင်တဲ့ စခန်းတွေကို ဝင်ပစ်သွားတာတွေ ရှိတယ်။ အဲဒါ ကတော့ ထိခိုက်မှုမရှိဘူး။ အနေအထားကတော့ အဲဒီလိုပဲပါပဲ။ လေကြောင်းကနေ ဆက်လက်ပြီးတော့ လာနိုင်တဲ့အနေအထားမှာ ရှိသလို ဟားခါးဘက်ကနေ သူတို့ကားသုံးစီးနဲ့ စစ်ကူပို့လာတယ်လို့ ကျွန်တော်တို့ မြေပြင်သတင်းအခိုင်အမာ ရရှိထားပါတယ်။

-နောက်ဆုံးအနေနဲ့ စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က မြို့ပေါ်မှာရော ဘယ်လို စစ်ရေးပြင်ဆင်မှု တွေ လုပ်ဆောင်နေလဲ။

အခုချိန်အထိ သူတို့မြို့ထဲမှာ လက်နက်ကြီးတွေကို ဒီဟားခါးမြို့၊ ထန်တလန်ဘက်ကို ဆက်လက်ပြီး သယ်ဆောင်တပ်ဆင်နေတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်။ ဟုတ်ကဲ့ ကျေးဇူးပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.