ဂျာကာတာ၊ ဖေဖော်ဝါရီ(၁၀)

လွန်ခဲ့တဲ့၇ နှစ်က ပြုလုပ်ခဲ့တဲ့ သတိပေးချက်လိုမျိုး လာမယ့်ခြောက်သွေ့ရာသီမှာ ကြီးမားတဲ့ တောမီးလောင် ကျွမ်းမှုတွေမဖြစ်စေဖု့ိအတွက် ကာကွယ်မှုတွေလုပ်မလား၊ အလုပ်မှထုတ်ပယ်ရမလားဆိုပြီး ရဲတပ်ဖွဲ့ကို အင်ဒို နီးရှားသမ္မတဂျိုကိုဝီဒိုဒိုက မေးခွန်းထုတ် သတိပေးလိုက်ပါတယ်။

အယ်နီညို ဒါမှမဟုတ် ခြောက်သွေ့တဲ့ရာသီဥတုအခြေအနေဟာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း မကြာမီ ဖြစ်ပေါ် လာမယ်လို့ ခန့်မှန်းထားတာပါ။ တကယ်လို့ ဒီလိုရာသီဥတုအခြေအနေတွေကြောင့် တောမီးလောင်မှုတွေ ကြီးကြီးမားမားဖြစ်ပွားခဲ့ရင် အဲဒီသက်ဆိုင်ရာ ပြည်နယ်တွေ၊ ဒေသဆိုင်ရာ ရဲအရာရှိတွေကို ရာထူးကနေ ထုတ်ပယ်သွားမှာ ဖြစ်တယ်လို့  သမ္မတဂျိုကိုဝီက သတိပေးခဲ့တာပါ။

 “လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က သတိပေးချက်က အခုထိ အကျုံးဝင်နေသေးတယ်။ ပြည်နယ်မှာ မီးလောင်မှု ကြီးကြီးမားမားဖြစ်ရင် ဒေသဆိုင်ရာ ကွပ်ကဲရေးမှူး၊ ဒေသဆိုင်ရာ ရဲချုပ်တွေက တာဝန်ရှိပါတယ်” လို့ ဂျိုကိုဝီရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNBC Indonesia က ဖော်ပြခဲ့ပါတယ်။

 ၂၀၁၆ ခုနှစ်က သမ္မတဟာ သစ်တောနဲ့ မြေယာမီးလောင်မှုတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ဖို့ ပျက်ကွက် ပါက ရဲနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့အလုပ်အကိုင်တွေ ဆုံးရှုံးမယ်လို့  ခြိမ်းခြောက်ခဲ့ကြောင်း Jakarta Globe သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

“မင်းတို့နယ်မြေမှာ မီးလောင်မှုကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် မူဝါဒက အတူတူပါပဲ၊ သင်အလုပ်ထုတ်ပ ယ်ခံရမယ်” လို့ အဲဒီနှစ်က သစ်တောနဲ့မြေယာ မီးထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းအစည်းအဝေး ကို တက်ရောက်လာသူတွေကို သူက ပြောကြားခဲ့တာပါ။

တောမီးလောင်ကျွမ်းမှုတွေကို တားဆီးကာကွယ်မှုအဖြစ် ခြောက်သွေ့တဲ့သစ်ဆွေးမြေပေါ်သို့ မိုးအတုရွာစေ တဲ့ ရာသီဥတုပြောင်းလဲမှုနည်းပညာကို အသုံးပြုမှာဖြစ်တယ်လို့ အာဏာပိုင်တွေက အခုရက်သတ္တပတ် အစော ပိုင်းမှာ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့လမှာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက နိုင်ငံအတွင်း တောမီးလောင်ကျွမ်းမှုဖြစ်ပွါးစေတဲ့ ကုမ္ပဏီတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးခဲ့ပါသေးတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒအေဂျင်စီ (BMKG) မှ အင်ဒိုနီးရှားနိုင်ငံဟာ အခုနှစ် ဧပြီလမှ မေလအထိ ခြောက်သွေ့ရာသီကို ဝင်ရောက်ချိန်မှာ တောမီးအန္တရာယ် မြင့်တက်လာမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.