February 10, 2023

ထွေအုပ်ရုံးမှာ အခြေစိုက်လျက်ရှိတဲ့ ဒီစစ်ခွေးရဲ့တပ်စိတ်နေရာကို ကျွန်တော်တို့ ဝင်စီးပေမယ့် သူတို့ကတော့ မရှိတော့ဘူးပေါ့။ လက်နက်(၄၂) လက် ရရှိခဲ့တယ်။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ဆက်သွယ်မေးမြန်းချက်။ ချင်းပြည်နယ်၊ မြောက်ပိုင်း ထန်တလန်မြို့ရှိ စစ်ကောင်စီမြို့မရဲစခန်းကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ထန်တလန်ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၉ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် ၄၀ ကျော်နဲ့ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့တာပါ။ ဒါကြောင့် ထန်တလန်မြို့မစခန်းသိမ်းတိုက်ပွဲ အခြေအနေ၊ စစ်ကောင်စီရဲ့ လတ်တလော စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး…

တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးကူညီ‌ပေးမယ်လို့ ညီနောင် မဟာမိတ်သုံးဖွဲ့ပြော

မော်လမြိုင်၊ ဖေဖော်ဝါရီ (၁၀) စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရက္ခိုင့်‌တပ်တော်(AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တော်လှန်ရေး ဆင်နွှဲနေတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးကို စာနာနားလည်ပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ ပံ့ပိုးလို့ရတဲ့အရာတွေကို ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ မုံရွာလူထုသပိတ်တိုက်ပွဲ(၂)နှစ်ပြည့် ဖြစ်တဲ့ ဖေဖော်ဝါရီ (၉)ရက်နေ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ PSLF/TNLA၊ MNTJP/MNDAA နဲ့ ULA/AAတို့မှ ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ရေးသားပြောဆို ထားတာပဲဖြစ်ပါတယ်။…

တောမီးလောင်မှုကို ကာကွယ်မလား၊ အလုပ်ဆုံးရှုံးခံမလားလို့ အင်ဒိုနီးရှားရဲချုပ်ကို သမ္မတကမေးခွန်းထုတ်

ဂျာကာတာ၊ ဖေဖော်ဝါရီ(၁၀) လွန်ခဲ့တဲ့၇ နှစ်က ပြုလုပ်ခဲ့တဲ့ သတိပေးချက်လိုမျိုး လာမယ့်ခြောက်သွေ့ရာသီမှာ ကြီးမားတဲ့ တောမီးလောင် ကျွမ်းမှုတွေမဖြစ်စေဖု့ိအတွက် ကာကွယ်မှုတွေလုပ်မလား၊ အလုပ်မှထုတ်ပယ်ရမလားဆိုပြီး ရဲတပ်ဖွဲ့ကို အင်ဒို နီးရှားသမ္မတဂျိုကိုဝီဒိုဒိုက မေးခွန်းထုတ် သတိပေးလိုက်ပါတယ်။ အယ်နီညို ဒါမှမဟုတ် ခြောက်သွေ့တဲ့ရာသီဥတုအခြေအနေဟာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း မကြာမီ ဖြစ်ပေါ် လာမယ်လို့ ခန့်မှန်းထားတာပါ။ တကယ်လို့ ဒီလိုရာသီဥတုအခြေအနေတွေကြောင့် တောမီးလောင်မှုတွေ ကြီးကြီးမားမားဖြစ်ပွားခဲ့ရင် အဲဒီသက်ဆိုင်ရာ…

IMF နဲ့ ညှိနှိုင်းမှုမအောင်မြင်ရင် အခွန်အတုတ်တိုးမြှင့်ကောက်ခံမယ်လို့ သီရိလင်္ကာသမ္မတ ဆို

ကိုလံဘို – ဖေဖော်ဝါရီ(၁၀) စီးပွားရေးအကျပ်အတည်းတွေရဲ့ နောက်ဆက်တွဲအဖြစ် အစိုးရကို ပြန်လည်ပြင်ဆင်ရေး လုပ်ဆောင်နေရတဲ့အတွက် ကျွန်းနိုင်ငံရဲ့အကျပ်အတည်းဟာ အနည်းဆုံး နောက်ထပ်(၃) နှစ် အထိကြာမြင့်နိုင်တယ်လို့ သီရိလင်္ကာသမ္မတက ပြောပါတယ်။ အစားအစာ၊လောင်စာနဲ့ ဆေးဝါးပြတ်လပ်မှုတွေဟာ နိုင်ငံအဝှမ်းအဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ချိန် ၂၀၂၂ ခုနစ်မှာ မစ္စတာရာနေးလ် ဟာ သီရိလင်္ကာရဲ့ သမ္မတရာထူးယူထားတာဖြစ်ပါတယ်။ လက်တလောမှာတော့ အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့…

ဟော်လိုးဝင်းည ဖြစ်စဉ်ကြောင့် ပြည်ထဲရေးဝန်ကြီးကို စွပ်စွဲပြစ်တင်ဖို့ ပါလီမန် မဲခွဲဆုံးဖြတ်

ဆိုးလ် – ဖေဖော်ဝါရီ(၁၀) တောင်ကိုရီးယားနိုင်ငံမှာ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဟောလိုးဝင်းည လူအုပ်ကြီးနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး လီဆန်မင်ကို စွပ်စွဲပြစ်တင်ဖို့ တောင်ကိုရီးယားလွှတ်တော် ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၈) ရက်နေ့ မဲခွဲဆုံးဖြတ်တာဟာ လွှတ်တော်ကနေ ဖြုတ်ချခဲ့တဲ့ နိုင်ငံရဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာမှာ ဖြစ်ပါတယ်။ အဓိကအခိုက်အခံ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ (၁၉၆) နေရာရှိထားတဲ့…

KNU အုပ်ချုပ်နယ်မြေမှာ ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့

ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၀) KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း စစ်ကောင် စီတပ်ဖွဲ့ နဲ့ KNU လက်အောက်ခံတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဖေဖော်ဝါရီ (၉)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်…

စစ်အာဏာသိမ်း (၇၃၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၈၁ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀) AAPP ရဲ့ ဖေဖော်ဝါရီ(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၉)ရက်အတွင်း ပြည်သူ (၂၉၈၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၇၁၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ နိုင်ငံရေးပါတီတချို့ဆုံးဖြတ်

ရန်ကုန် ၊ ဖေဖော်ဝါရီ (၁၀) စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီတချို့ဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လာကြပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီဆိုရင် မှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်းနဲ့ ရန်ပုံငွေ သိန်းတစ်ထောင်အပါအဝင် ရက်ပေါင်း ၁၈၀…