ဘန်ကောက်၊ ဖေဖော်ဝါရီ(၉)

ထိုင်းသတင်းရုပ်သံလိုင်းတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးဟာ အလုပ်လုပ်နေစဉ်အတွင်း လုပ်ငန်းခွင်ကစားပွဲခုံပေါ်မှာ သေဆုံးခဲ့တဲ့အတွက်  ကုမ္ပဏီဘက်က မိသားစုဝင်တွေကို နစ်နာကြေးပေးသွားမယ်လို့ ဆိုပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့  Thai News Network TNN အဆောက်အအုံမှာ အလုပ်စား ပွဲပေါ်မှ လဲကျသေဆုံးခဲ့တဲ့သူဟာ အသက် ၄၄ နှစ် အရွယ်ရှိတဲ့ ဆူရာဝတ် ဆီရီဆာဝတ်ပဲဖြစ်ပါတယ်။ သူဟာ အစီအစဉ် အချိန်ဇယားကို အဓိကတာဝန်ယူရတဲ့ အကြီးတန်မန်နေဂျာတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

TNN ရုပ်သံလိုင်းဟာ True ကော်ပိုရေးရှင်းရဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်နေတာပါ။ Thai PBS ရဲ့ သတင်း အစီရင်ခံချက်မှာတော့ ဆူရာဝတ်ဟာ တစ်ပတ်တာလုံး အချိန်ပိုပုံမှန်ဆင်းရလေ့ရှိပြီး သူ့ကို ကူညီပေးမယ့်သူ တွေလည်း တစ်စုံတစ်ယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နေမကောင်းလို့ ဆေးခွင့်ယူတဲ့ နှစ်ရက်တာလုံးမှာ ကောင်းကောင်းမွန်မွန် မနားခဲ့ရပဲ တာဝန်မပြီး သေးတာကြောင့်လို့ ဆိုကာ အလုပ်ပြန်ဆင်းဖို့ ခေါ်ဆိုခြင်းခံခဲ့ရတယ်လို့ ဖော်ပြထားတာပါ။

သူ့မှာ သွေးတိုးရောဂါအခံရှိပြီး နောက်ဆုံးအချိန်မှာတော့ နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆူရာဝတ်သေဆုံးခဲ့တဲ့  ဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းအလုပ်သမား ဝန်ကြီးက အမိန့်ပေးခဲ့ပြီး အလုပ်သမားကာကွယ်ရေးဦးစီးဌာနအနေဖြင့်လည်း မစ္စတာဆူရာဝတ်ရဲ့ အလုပ်ရှင် ဟာ တစ်ပတ်တစ်ရက် ပိတ်ရက်ပေးခြင်းရှိမရှိနဲ့ အလုပ်အချိန်ပို ခိုင်းစေတာစတဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အခြေအနေတွေကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းဥပဒေအရ အလုပ်သမားတွေရဲ့ အလုပ်ချိန်ဟာ တစ်ပတ်လျှင် ၄၈ နာရီထက် မပိုသင့်ဘဲ အချိန်ပိုအလုပ် ဆင်းရပါက အပိုနာရီအရေအတွက်ကို တစ်ပတ်လျှင် ၃၆ နာရီအတွင်းသာ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးကတော့ ဆူရာဝတ်ရဲ့ မိသားစုအတွက် အကျိုးခံစားခွင့်အားလုံးကိုရရှိအောင်  သေ သေချာချာ ဆောင်ရွက်ပေးဖို့ အလုပ်သမားကာကွယ်ရေးနဲ့ လူမှုဖူလုံရေးဌာနကိုလည်း အမိန့်ပေးခဲ့တာပါ။

အလုပ်သမားကာကွယ်ရေးဦးစီးဌာနက ဒီဖြစ်စဉ်ဟာ အလုပ်ကြောင့် သေဆုံးရတာဖြစ်တယ်ဆိုပါက မိသားစု ဟာ နာရေးကူညီမှု ဘတ် ၅၀၀၀၀ (S$2,000)၊ ကွယ်လွန်သူလစာရဲ့ ၇၀ ရာခိုင်နှုန်းကို ၁၀ နှစ်စာလစဉ် လျော် ကြေးအဖြစ် ရရှိမှာဖြစ်ပြီး လူမှုဖူလုံရေးရုံးမှ ပင်စင်လစာများ ရရှိမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref,The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.