ပြုံယမ်း – ဖေဖော်ဝါရီ(၉) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ လူမြင်ကွင်းကနေ (၃၆) ရက်ကြာပျောက်ကွယ် ရာကနေ ရုတ်တရက်ပြန်ပေါ်လာပြီးနောက် နိုင်ငံကို စစ်ပွဲအတွက် ပြင်ဆင်ဖို့ အမိန့်ပေးခဲ့တယ် လို့ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အာဏာရအလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်အစည်းအဝေး မှာ တစ်လကျော်ကြာလူသိရှင်ကြားထုတ်ပြန်ထားတာမရှိတဲ့ အကြောင်းပြချက်နဲ့ ပျောက်ကွယ် ရာကနေ ပထမဆုံးအကြိမ် အဖြစ် လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာတာပါ။ 

သူပျောက်ကွယ်နေချိန်မှာလည်း သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတင်းမျိုးစုံ ထွက်ပေါ်နေ တာဖြစ်ပါတယ်။ 

ခေါင်းဆောင်ကင်နဲ့ သူ့ရဲ့ စစ်ဘက်အရာရှိတွေရဲ့ တွေ့ဆုံမှုမှာ ၂၀၂၃ ခုနှစ်အတွက် ခုနှစ်အတွက် အဓိကစစ်ရေးနဲ့ နိုင်ငံရေးတာဝန်တွေဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA ကို ကိုးကား ပြီး သတင်းဌာနတွေက ဖော်ပြထားကြတာပါ။

စစ်ရေးပြအခမ်းအနားကျင်းပမယ့် (၇၅) နှစ်မြောက် ကိုရီးယားပြည်သူ့တပ်မတော် တည်ထောင် ခြင်းနှစ်ပတ်လည်နေ့ အထိမ်းအမှန်အဖြစ် အခုလိုတွေ့ဆုံမှု ထွက်ပေါ်လာတာဖြစ်ပြီး ကင် လည်း အဲဒီအခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ NK News ကဖော်ပြထားပါတယ်။ 

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ပိုင်းက ရှုတ်ချပြီးနောက် ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် ကြေညာခဲ့တဲ့ စစ်ရေးလေ့ကျင့်မှု တိုးချဲ့တာဟာ ကျွန်းဆွယ် ကို ကြီးမားတဲ့ စစ်လက်နက်တိုက်နဲ့ ပိုမိုအရေးပါတဲ့ စစ်ပွဲဇုန်အဖြစ်ပြောင်းလဲဖို့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားပါတယ်။ 

မြောက်ကိုရီးယားအနေနဲ့ အားလုံလွှမ်းခြုံနိုင်တဲ့ နျူကလီးယားစွမ်းအင်နဲ့ တုံ့ပြန်ဖို့ အသင့် ဖြစ်နေ ပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။ 

တောင်ကိုရီးယားဘက်ကလည်း မြောက်ပိုင်းမှာတိုးမြှင့်ထားတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့် ကြည့်နေတယ်လို့ ပြောထားပါတယ်။ 

ခေါင်းဆောင်ကင် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂) ရက်နေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေး မှာ နောက်ဆုံးလူလုံးပြခဲ့တာဖြစ်ပြီး ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးဖြစ်တဲ့ ပါခ့်ဂျွန်ချွန်းကို ရာထူက ထုတ်ပယ်ထားတယ်လို့လည်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.