မဲဆောက် – ဖေဖော်ဝါရီ(၉) 

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်လေဆိပ်ကို ခရီးသည်တင်လေယာဉ်အမျိုးအစား A320 နဲ့ ဘို ရင်း-၇၃၇ တို့ ဆင်းသက်နိုင်ရေးအတွက် ဘတ်ငွေမီလျံတစ်ထောင်ကျော်အသုံးပြုပြီး ပြင်ဆင် သွားဖို့ ရှိတယ်လို့ လေကြောင်း အာဏာပိုင်ဦးစီးဌာနနဲ့ နီးစပ်တဲ့ရင်းမြစ်တွေမှာ ဖော်ပြထားပါ တယ်။  

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေယာဉ်ပြေးလမ်းအသစ်ချဲ့ထွင်းတာကို ဆောင်ရွက်ပြီးစီးဖွင့်လှစ်ထား ကာ  Thai Air Asia ကလည်း မဲဆောက်မြို့ကို ပျံသန်းမယ့် ခရီးစဉ်သစ်ကို ကြေညာထားပါ တယ်။ 

ဒါကြောင့် လာမယ့် မတ်လကစပြီး ခရီးသည်တင်လေယာဉ်အမျိုးအစား A-320 အပြင် ဘိုရင်း အမျိုးအစားတွေလည်း ဆင်းသက်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ 

အသစ်ချဲ့ထွင်မယ့် စီမံကိန်းမှာတော့ လေယာဉ်ပြေးလမ်းတွေသာမက တခြား အဆောက်အအုံ ပရဝဏ်တွေအပြင် ဘတ်ဂျက် ဘတ်(၄၄၇) မီလျံကိုစတုရန်းမီတာ (၁၂၀၀၀) အရွယ်အစားရှိတဲ့ ခရီးသည်အဆောက်အအုံအသစ်တစ်လုံးဆောက်လုပ်ဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ 

ဘတ်ဂျက် ဘတ်(၂၉၇) မီလျံကို လေယာဉ်ကွင်းအတွင်း မော်တော်ယာဉ်ဝင်လမ်းတွေ၊ ခရီးသွား ဘတ်စ်ကားတွေနဲ့ မော်တော်ယာဉ်ရပ်နားနိုင်တဲ့ လေဆိပ်ကားပါကင်အပါအဝင် လေယာဉ်ကွင်း အဝင်လမ်း ချဲ့ထွင်ရေးအတွက် အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဘတ်ငွေ (၁၆) မီလျံကို လေယာဉ်နဲ့ ချိတ်ဆက်တဲ့ လျှောက်လမ်းတံတားတည်ဆောက် ရေးအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အရင်က ဘန်ကောက်-မဲဆောက်ပြေးဆွဲတဲ့ လေကြောင်းလိုင်းမှာ Nok Air တစ်ခုသာရှိပြီး လာမယ့် မတ်လ(၁) ရက်နေ့မှာတော့ Thai Air Asia လည်း ပျံသန်းပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ 

မဲဆောက်လေဆိပ်ဟာ နိုင်ငံတကာလေဆိပ်အမျိုးအစားဖြစ်ပြီး၂၀၁၇ ခုနှစ်မှာမဲဆောက်-ရန်ကုန် ကို Nok Air လေကြောင်းလိုင်းက ပြေးဆွဲဖူးပေမယ့် ၂၀၁၈ ခုနှစ်ဇန်နဝါရီလမှာတော့ ပြန်လည် ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။ 

အရင် Terminalအဟောင်းမှာ တစ်နှစ်ကို ခရီးသည် တစ်သိန်းခုနှစ်သောင်းကျော်လက်ခံထား နိုင်ပြီး Terminal အသစ်ဖွင့်လှစ်လိုက်တဲ့ ၂၀၁၉ ခုနှစ် ဧပြီလနောက်ပိုင်းမှာတော့ တစ်နှစ်ကို ခရီးသည် ၁.၇ မီလျံအထိလက်ခံလာနိုင်တယ်လို့ သိရပါတယ်။

Ref:Wingtips

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.