ငဖဲ – ဖေဖော်ဝါရီ(၉)

ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက် ခံ က.ပ.စ -၁၄ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ မနက်အစောပိုင်းက ငဖဲမြို့နယ်အခြေစိုက် က.ပ.စ-၁၄ ယမ်းချက် စက်ရုံကို PRA Magway ရဲ့ စစ်ကြောင်းနှစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

“အဲဒီကိစ္စကတော့ မဆိုင်တဲ့အရပ်သားတွေကို ဂိတ်တွေမှာ မထင်ရင်မထင်သလို ခေါ်ယူ စစ်ဆေး တာတွေ၊ရိုက်နှက်တာတွေ ဒီလိုပုံစံတွေရှိတယ်ဆိုတာ ကျွန်တော်တို့ ကြားသိရပါတယ်။ ဖရဲသီး ဆီကရတဲ့သတင်းအရ သူတို့တော်တော်လေးအထိနာသွားတယ်လို့ ကြားသိရပါတယ်။” လို့ ဟာကျူလီကသံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ က.ပ.စ -၁၄ ကို ၁၀၇-(မမ) ရှေ့တိုက်ဒုံး(၂)လုံး၊ RPG-၁ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရရှိတဲ့ အခြေအနေအသေးစိတ်ကို အတည်ပြုလို့ မရသေးဘူးလို့ သူကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁) ရက်နေ့ကလည်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာနဲ့ မြေလတ် ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေပါလာတဲ့ မော်တော်ယာဉ်ကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၈) ရက်နေ့ ည(၁၁) နာရီဝန်းကျင်ကလဲ မင်းဘူးခရိုင်အတွင်း က စလင်း-ကံပြား ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ တဲ့အတွက် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.