ထိုင်ဝမ် – ဖေဖော်ဝါရီ(၈)
ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ရဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကုမ္ပဏီတွေရဲ့ ထက်ဝက်နီးပါးဟာ တရုတ်နဲ့ တင်းမာမှုတွေကြောင့် လုပ်ငန်း အဆက်မပြတ်စေဖို့ အရေးပေါ် အစီအစဉ်တွေ ပြင်ဆင်နေကြပါတယ်။
တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်အဖြစ်ပြောဆိုနေ ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို လာရောက်ပြီးနောက်ပိုင်း စစ်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ(၁၅) ရက်နေ့ကနေ ဒီဇင်ဘာလ(၁၆) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုမှာ AmCham ထိုင်ဝမ်က ဖြေဆိုသူ (၃၃) ရာခိုင်နှုန်းဟာ တင်းမာမှုတွေ တိုးလာတဲ့အတွက် သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ သိသိသာသာ အနှောင့်အယှက်ဖြစ်လာတယ်လို့ ဆိုကြပါ တယ်။
ဩဂုတ်လနဲ့ ဒီဇင်ဘာလကြားမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာကြောင့် ကုမ္ပဏီ(၄၇) ရာခိုင်နှုန်းဟာ ပထဝီနိုင်ငံရေးအခြေအနေကို ရင်ဆိုင်ဖို့ စီးပွားရေးဆိုင်ရာ ဆက်နွယ်မှု အစီအစဉ်တွေကို ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။
“ကုမ္ပဏီများသည် ၎င်းတို့၏ အစီအစဉ်များကို စတင်ရန် လုပ်ဆောင်နေကြောင်း ကျွန်ုပ်တို့ သိရပါတယ်၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရေးပေါ်စီမံချက်များကိုလည်း ကျွန်ုပ်တို့ သိရှိရပါတယ်” လို့ AmCham ထိုင်ဝမ် ဥက္ကဌမှ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ဒီဇင်ဘာလစစ်တမ်းကို အသင်းရဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေရဲ့ သုံးပုံတစ်ပုံက သူတို့ရဲ့ ရုံးချုပ် မူဝါဒ အပြောင်းအလဲတွေကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သလို ပို့ဆောင်ရေး၊အာမခံ ဒါမှမဟုတ် ငွေကြေး ကုန်ကျစရိတ်နဲ့ ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပါတယ်။
နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်နေတဲ့ ထိုင်ဝမ်မှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေရွှေ့ဆိုင်တာဟာ အကြီးမားဆုံးအချက်ဖြစ်ပြီး ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးဟာ လာမယ့်သုံးနှစ်အတွင်း အစိုးရရဲ့ ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ စစ်တမ်းဖြေဆိုသူ ထက်ဝက်ကျော်က ဆိုပါတယ်။
“အမေရိကန်နဲ့ ထိုင်ဝမ်တို့ကြား စေ့စပ်ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်က မရှိခဲ့ဘူး၊ အရာတွေ မြန်မြန်ဆန်ဆန် ရွေ့လျားလာမယ်လို့ မျှော်လင့်ပါတယ်” လို့ AmCham ထိုင်ဝမ်မှ ဥက္ကဋ္ဌ က ပြောခဲ့ပါတယ်။
ကုန်သွယ်မှုဆွေးနွေးပွဲ မူဘောင်နဲ့ နောက်ဆုံးမှာ နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူညီချက် တစ်ရပ် လျင်မြန်စွာ တိုးတက်မှုကို မြင်တွေ့ဖို့ မျှော်လင့်ရတဲ့ ထိုင်ဝမ်- အမေရိကန် သဘောတူဉီချက်သစ် ကတစ်ဆင့် ထိုင်ဝမ်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ အစီအစဉ်ကိုလည်း AmCham အဖွဲ့က တောင်းဆိုထားပါတယ်။
Ref: CNA