မနီလာ – ဖေဖော်ဝါရီ(၈)
ဖိလစ်ပိုင်အစိုးရက ဂျပန်နိုင်ငံတဝှမ်း ခိုးဆိုးလုနှိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂျပန်နိုင်ငံသား (၄) ဦးထဲက နှစ်ဦးကို ပြည်နှစ်ဒဏ်ပေးခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံကို လေယာဉ်ဆိုက်ရောက်ချိန်မှာ ဂျပန်အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
မနီလာမြို့က လူဝင်မှုကြီးကြပ်ရေးပိုင် ပရဝဏ်တစ်ခုမှာ ရက်အတန်ကြာ ချုပ်နှောင်ခံထားရတဲ့ အသက်(၃၈) နှစ်အရွယ်ရှိကြတဲ့ ကီယိုတိုအီမာမူရာနဲ့ တိုရှီရာဖူဂျီတာ ကိုတို့ ပြည်တော်ပြန်လက်ခံ ရေး သက်ဆိုင်ရာ ရုံးတော်က ပယ်ချလိုက်ပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ဟာ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လှည့်စားပြီး ခိုးမှုကျူးလွန်တယ် ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့က အချိန်အတော်ကြာ ရှာဖွေခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။
“သက်ဆိုင်ရာနိုင်ငံရဲ့ တရားရေးက ဒီလူတွေကို တရားခံပြေးအဖြစ် သတ်မှတ်ထားတဲ့အတွက် သူတို့ဟာ ပြင်နှင်ဒဏ်ချမှတ်ခြင်းကို ခံရတာပါ။ ဒါကြောင့်မို့လို သူတို့ဟာ ဒီနိုင်ငံက လိုအပ်ခြင်း မရှိတဲ့ နိုင်ငံခြားသား တွေအဖြစ် ယူဆရပါမယ်” လို့ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဗျူရို ပြော ခွင့်ရ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံသား သံသယတရားခံ(၄) ဦးထဲက ဖိလစ်ပိုင်မှာ ကျန်ရှိနေသေးတဲ့ အသက်(၃၈) နှစ် အရွယ် ယူကီဝါတနာဘီနဲ့ အသက်(၄၅) နှစ်အရွယ် တိုမိုနိုဘူ ကိုဂျီမာတို့ကိုလည်း သက်ဆိုင်ရာ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ (၈) ရက်နောက်ဆုံးထားပြီး ဂျပန်ကို ပြန်ပို့ရမှာ ဖြစ် တယ်လို့ သိရပါတယ်။
ပြည်နှင်ဒဏ်ပေးပို့တဲ့ လုပ်ငန်းတွေဟာ သမ္မတ ဖာဒီနန်မားကို့စ်ရဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နဲ့ (၅) ရက်တာ တွေ့ဆုံမယ့် ခရီးစဉ်မတိုင်ခင် တစ်ရက်အလိုမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဖိလစ်ပိုင်နဲ့ ဂျပန်ကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အာရုံစိုက်နေချိန် ဖိလစ်ပိုင် အစိုးရက အခုလို ဂျပန်နိုင်ငံသား သံသယတရားခံတွေကို ပြည်နှင်ဒဏ်ပေးပို့ တာဟာ သမ္မတ ခရီးစဉ်အတွင်း စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာတွေကို ရှောင်ကျဉ်လိုတဲ့ သဘောဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
သံသယတရားခံတွေဟာ ဖိလစ်ပိုင် လဝက အချုပ်ထဲ ရှိနေချိန်မှာလည်း ကုဒ်နံပါတ်မပါဝင်တဲ့ စာတို့ပေးပို့တဲ့ အက်ပ် အသုံးပြုကာ လိမ်လည်မှုတွေ ပြုလုပ်ဖို့ ဆောင်ရွက်ချိတ်ဆက်နေကြ တယ်လို့ တာဝန်ရှိသူတွေက သံသယရှိနေပါတယ်။
သူတို့တွေဟာ ဂျပန်နိုင်ငံရဲ့ စီရင်စုဒေသ (၄၇) ခုအတွင်း လိမ်လည်မှု အနည်းဆုံး အမှု(၄၀) နဲ့ ဆက်စပ်နေကြတယ်လို့ သိရပါတယ်။
Ref:Nikkei Asis