Radio Than Lwin Times(7/2)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/GC9KCMWSTEY
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။ အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအာ ဏာကျင့်သုံးဖို့ ကြေညာထားတဲ့အထဲမှာ ကရင်နီ…
အန်ကာရာ၊ ဖေဖော်ဝါရီ(၇) တူရကီနဲ့ ဆီးရီးယားမှာ ဖေဖော်ဝါရီ(၆)ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့အထိ အသက်အန္တရာယ်ထိခိုက်နိုင်မှု တဖြည်းဖြည်းများလာနေပြီး သေဆုံးသူဦးရေ ဟာလည်း ငါးထောင်ကျော်အထိ မြင့်တက်လာနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ ကယ်ဆယ်ရေးသမားတွေအနေနဲ့ အပျက်အစီးတွေများပြားလွန်းလို့ အောက်မှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့အတွက် အခက်ကြုံနေကြရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ငလျင်ကြောင့် ဆီးရီးယားနယ်စပ်အနီးမှာရှိတဲ့ တူရကီနိုင်ငံ အန်ကာရာဒေသရဲ့ လမ်းမတွေက (၁၀)…
မနီလာ – ဖေဖော်ဝါရီ(၈) ဖိလစ်ပိုင်အစိုးရက ဂျပန်နိုင်ငံတဝှမ်း ခိုးဆိုးလုနှိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂျပန်နိုင်ငံသား (၄) ဦးထဲက နှစ်ဦးကို ပြည်နှစ်ဒဏ်ပေးခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံကို လေယာဉ်ဆိုက်ရောက်ချိန်မှာ ဂျပန်အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ မနီလာမြို့က လူဝင်မှုကြီးကြပ်ရေးပိုင် ပရဝဏ်တစ်ခုမှာ ရက်အတန်ကြာ ချုပ်နှောင်ခံထားရတဲ့ အသက်(၃၈) နှစ်အရွယ်ရှိကြတဲ့ ကီယိုတိုအီမာမူရာနဲ့ တိုရှီရာဖူဂျီတာ ကိုတို့ ပြည်တော်ပြန်လက်ခံ ရေး…
ထိုင်ဝမ် – ဖေဖော်ဝါရီ(၈) ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ရဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကုမ္ပဏီတွေရဲ့ ထက်ဝက်နီးပါးဟာ တရုတ်နဲ့ တင်းမာမှုတွေကြောင့် လုပ်ငန်း အဆက်မပြတ်စေဖို့ အရေးပေါ် အစီအစဉ်တွေ ပြင်ဆင်နေကြပါတယ်။ တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်အဖြစ်ပြောဆိုနေ ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို လာရောက်ပြီးနောက်ပိုင်း စစ်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာပါ။…
မော်လမြိုင် – ဖေဖော်ဝါရီ(၈) စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးရဲ့ (၃) နှစ်မြောက်နှစ်ပတ်လည်ဆိုတာမရှိစေရ အောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ တော်လှန်ရေးအစုအဖွဲ့အားလုံးနဲ့ တညီတညာတည်း ကြိုးစားကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “အမျိုးသားညီညွတ်ရေးအစိုးရရဲ့ one year plan…
သရက်ချောင်း၊ ဖေဖော်ဝါရီ(၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ဖေဖော်ဝါ ရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီပြီးနောက် လမ်းခုလတ်မှာပဲ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မနက် ၉ နာရီကျော်အချိန်လောက်မှာ ရငဲကျေးရွာမင်းတပ်တံတားအနီးက စစ်ကောင်စီတပ် အင် အား ၂၀ နီးပါးဟာ…
မော်လမြိုင်၊ ဖေဖော်ဝါရီ(၈) AAPP ရဲ့ ဖေဖော်ဝါရီ(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၇)ရက်အတွင်း ပြည်သူ (၂၉၅၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၆၈၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လျှပ်စစ်မီးဖြန့်ဝေပေးမှုကို အလှည့်ကျစနစ်နဲ့ တစ်ကြိမ်လျှင် အချိန် ၂ နာရီသာ ပေးနိုင်တော့မယ်ဆိုတဲ့ စစ်ကောင်စီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းရဲ့ ထုတ်ပြန်ချက်ကြောင့် ပိုမိုအခက်ကြုံလာရနိုင်တယ်လို့ မြို့ခံတွေနဲ့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ မော်လမြိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာမှာ မော်လမြိုင်မြို့ပေါ်နဲ့ ရပ်ကွက်ကျေးရွာတွေကို အုပ်စု (၃)စု…