ရန်ကုန် – ဖေဖော်ဝါရီ(၇)
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ MPT Exchange ရုံး ဒီနေ့ မနက် (၁၀)နာရီကျော်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ဖုန်းလိုင်းတွေ ယာယီပြတ်တောက်မှုဖြစ်နေတယ်လို့ MPT က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် MPT ရုံးဟာ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာရှိပြီး မနက်(၁၀) နာရီ (၂၃) မိနစ်မှာ မီးလောင်ခဲ့ တာပါ။
မီးလောင်မှုဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ Server တွေအကုန်ချထားတ့အတွက် MPT ရဲ့ ဖုန်းလိုင်း နဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ပြတ်တောက်မှုဖြစ်နေတယ်လို့ သိရပါတယ်။
မနက် (၁၀)နာရီ(၂၃) မိနစ်မှာစတင် လောင်ခဲ့တဲ့ မီးလောင်မှုကို မနက်(၁၀) နာရီ(၄၅) မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမီးသတ်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ဘယ်လိုအခြေအနေကြောင့် ဖြစ်ခဲ့တယ်ဆိုတာ ကိုတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – CJ