ဆားလင်းကြီး – ဖေဖော်ဝါရီ(၇)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့ တချို့နဲ့ ပ.က.ဖ အဖွဲ့တွေကို မန္တလေးနဲ့ မုံရွာ တော်လှန်ရေးအင်အားစုတွေက နိုင်ငံရေးအသိပညာပေး ဟောပြောပို့ချခဲ့ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖက်ဒရယ်ဆိုင်ရာအသိ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်ပေးမှု၊ အဖွဲ့လိုက်စုပေါင်းလုပ်ဆောင်မှုတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(MPDF) ခေါင်းဆောင်တစ်ဦးကလည်း ပြည်တွင်းစစ် အကြောင်းနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်မှာ အဓိကကျတဲ့ (COC) နှစ်ရပ်ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ အခြေခံ နိုင်ငံရေး အသိနဲ့ စစ်ရေးအသိရှိကြဖို့ လိုအပ်တဲ့အတွက် အခုလို နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ဆွေးနွေးပေးခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ဒေသတွေမှာလည်း သင်တန်းတွေ ပြုလုပ်ပေးသွားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဦးဆောင်သူတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.