ဆားလင်းကြီး – ဖေဖော်ဝါရီ(၆)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ(၂) ရွာက အိမ်ထောင်စု (၁၁၀) ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက အခြေခံ အသုံးအဆောင်တွေလှူဒါန်းခဲ့ပါတယ်။
မီးဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို ဆန်(၂) ပြည်၊ ဆီ(၁)ဗူး နဲ့ အဝတ်အစားတွေ လှူဒါန်းခဲ့သလို ရန်ပုံငွေလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကြောင်းမကြာခဏ ထိုးနေသလို ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ- အောင်ခန့်ဇော်