February 7, 2023

သုညကနေ စတင်ခဲ့ရတဲ့ NUG ဟာ စစ်အုပ်စုကို ကဏ္ဍပေါင်းစုံကနေ ဖိအားပေးနိုင်ပြီလို့ဆို

မော်လမြိုင် – ဖေဖော်ဝါရီ(၇) အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ သုညကနေ စတင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ကဏ္ဍပေါင်းစုံကနေ စစ်အုပ်စုကို ရင်ဆိုင်နိုင်ပြီ ဖြစ်သလို တခြားကဏ္ဍတွေမှာ ပိုမိုသာလွန်အောင် လုပ်ဆောင်နေပြီဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “အခုလို အချိန်တိုအတွင်း…

ဆားလင်းကြီး အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကို နိုင်ငံရေးအသိပညာပေး

ဆားလင်းကြီး – ဖေဖော်ဝါရီ(၇) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့ တချို့နဲ့ ပ.က.ဖ အဖွဲ့တွေကို မန္တလေးနဲ့ မုံရွာ တော်လှန်ရေးအင်အားစုတွေက နိုင်ငံရေးအသိပညာပေး ဟောပြောပို့ချခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖက်ဒရယ်ဆိုင်ရာအသိ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်ပေးမှု၊ အဖွဲ့လိုက်စုပေါင်းလုပ်ဆောင်မှုတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မုံရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(MPDF) ခေါင်းဆောင်တစ်ဦးကလည်း ပြည်တွင်းစစ် အကြောင်းနဲ့…

လွိုင်ကော်မှာ အရပ်သားကားတစ်စီး မြေမြှုပ်မိုင်းထိ၊လေးဦးသေဆုံး

လွိုင်ကော် – ဖေဖော်ဝါရီ(၇) ကယားပြည်နယ်၊လွိုင်ကော်မြို့နယ် ဇရပ်ဖြူကျေးရွာနားမှာ အရပ်သားကားတစ်စီး မိုင်းထိပြီး (၄) ဦးသေဆုံးကာ (၂) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၆) ရက်နေ့လည်ပိုင်းက အမျိုးသား(၆)ဦးလိုက်ပါလာတဲ့ IPSUM အမျိုးအစား ကားတစ်စီးမိုင်းထိခဲ့တာဖြစ်ပြီး ကားပေါ်ပါသူ(၆)ဦးမှာ (၄)ဦးက ခရီးသည်တွေ ဖြစ်ကာ ကျန်နှစ်ဦးကတော့ ဒေသခံတွေဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ လွိုင်ကော်မြို့ကနေ (၆)…

ရေဖြူမှာ ဘုန်းကြီးကျောင်းကား ပစ်ခတ်ခံရ၊ ဆရာတော်နေရာမှာတင် ပျံလွန်တော်မူ

ရေဖြူ – ဖေဖော်ဝါရီ(၇) တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် (၂၇)မိုင်နဲ့ နှမ်းကျဲကျေးရွာကြားမှာ ဘုန်းကြီးကျောင်းကား ပစ် ခတ်ခံရပြီး ကားပေါ်ပါ ဆရာတော်ပျံလွန်တော်မူကာ အမျိုးသမီးသေဆုံးပြီး(၆) ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၆) ရက် ညနေပိုင်းက ထားဝယ်ဘက်ကနေ ရေဖြူရွာသစ်ကို သွားတဲ့ ရာဖူးရွာသစ်ကျောင်းဆရာတော်လိုက်ပါလာတဲ့ကားကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခဲ့တာပါ။…

ရန်ကုန် MPT Exchange ရုံးမီးလောင်မှုကြောင့် ဖုန်းလိုင်းတွေပြတ်တောက်မှုဖြစ်နေ

ရန်ကုန် – ဖေဖော်ဝါရီ(၇) ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ MPT Exchange ရုံး ဒီနေ့ မနက် (၁၀)နာရီကျော်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ဖုန်းလိုင်းတွေ ယာယီပြတ်တောက်မှုဖြစ်နေတယ်လို့ MPT က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် MPT ရုံးဟာ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာရှိပြီး မနက်(၁၀) နာရီ (၂၃) မိနစ်မှာ မီးလောင်ခဲ့…

ပုလောမြို့ပေါ်က စစ်ရှောင်တွေကိုနေရပ်ပြန်ဖို့ စစ်ကောင်စီဖိအားပေး

ပုလော၊ ဖေဖော်ဝါရီ(၇) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ပေါ်မှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ် ကောင်စီက နေရပ်ပြန်ဖို့ အတင်းအကြပ်ဖိအာပေးပေးတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စစ်ရှောင်တွေကို လက်ခံထားတဲ့ ဘုန်းတော်ကြီးကျောင်း တွေကို လာရောက်စစ်ဆေးပြီးနောက် စစ်ရှောင်တွေကို လက်မခံထားဖို့နဲ့အမြန်ဆုံးပေးပြန်ဖို့ ဖိအားပေးပြောဆို လာတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ဖိအာပေးလာတာကြောင့် စစ်ရှောင်ပြည်သူတချို့…

စစ်အာဏာသိမ်း (၇၃၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၄၇ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၇) AAPP ရဲ့ ဖေဖော်ဝါရီ(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၆)ရက်အတွင်း ပြည်သူ (၂၉၅၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၆၆၈ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

“ဒီအာဏာရှင်စနစ်ကြီး ပြုတ်ကျသွားတဲ့ထိ ကျွန်တော်တို့ ထုဆစ်နေတဲ့၊ ပုံဖော်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာတဲ့အထိ အဆုံး ထိကိုဆက်သွားပါ့မယ်။ လုံးဝ နောက်ဆုတ်ဖို့တော့ မရှိပါဘူး”

ကျားသစ်နက်စစ်ကြောင်း ပြည်သူ့ရေးရာနဲ့ဆက်သွယ်ရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ ကျားသစ်နက်စစ် ကြောင်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျားသစ်နက်စစ်ကြောင်း စစ်ရေးလှုပ်ရှားနေတဲ့ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာ နှစ်ဖက် စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေး ပြင်ဆင်မှု၊ လတ်တလော ဆောင်ရွက်နေတဲ့…