မော်လမြိုင် – ဖေဖော်ဝါရီ(၃)

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလရဲ့ လူမှုကွန်ရက် (Facebook) စာမျက်နှာကို မသမာသူတွေက တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့က စစ်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာတစ်နိုင်ငံလုံး အသံတိတ်သပိတ် အောင်ပွဲခံနေစဉ် ည(၇) နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

ရန်သူဘက်က အွန်လိုင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ဖိဖိစီးစီး အားထုတ်လုပ်ဆောင်လာတဲ့ အတွက် ဆိုရှယ်မီဒီယာအသုံးပြုနေကြတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေ နဲ့ မိသားစုဝင်တွေ အားလုံး သတိထားကြဖို့ NUG ယာယီသမ္မတရုံး Facebook စာမျက်နှာ တာဝန်ခံက အသိပေးထားပါတယ်။

ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်တွေကို သက်ဆိုင်ရာ ဌာနတွေမှာ ရယူပြီး ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။

လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သတင်းစကားတွေနဲ့ ပိုစ့်တွေအားလုံးပျောက်ပျက်သွားခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဖေဖော်ဝါရီလ (၂) ရက်နေ့မှာတော့ ပြန်လည်ရရှိခဲ့ပြီး Facebook စာမျက်နှာလုံခြုံရေးကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပြီဖြစ်တယ်လို့ ယာယီသမ္မတရုံးက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.