ဟုမ္မလင်း – ဖေဖော်ဝါရီ(၃)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဟတ်ယာဉ် ကို ဒီနေ့ ဖေဖော်ဝါရီလ(၃) ရက်နေ့မှာ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း(၁) – ဟုမ္မလင်း ၊ HPDF-124၊HPDF၊HPDF မိုးကြိုးနှင့်မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းပစ်ချခဲ့တာဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ ပျူစောထီးပူးပေါင်းတပ်က (၂၀)ဦး သေဆုံးထားပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဘက်က ရဲဘော်(၂) ဦးကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ ရွှေပြည်အေးမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတယ်လို့ ခန္တီးခရိုင် အမှတ်(၁) ဟုမ္မလင်း က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံ ပြည်သူ တွေအနေနဲ့ ဟုမ္မလင်း-ရွှေပြည်အေး၊ ရွေပြည်အေး-ဖောင်ပြင် စတဲ့ ရေလမ်းခရီးသွားလာတာတွေ လုံးဝမလုပ်ကြဖို့ ကာကွယ်ရေးတပ်တွေက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.