မနီလာ – ဖေဖော်ဝါရီ(၃)

အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်ရဲ့ နယ်မြေချဲ့ထွင်မှုတွေ တိုးမြင့်လာတာအပြင် ထိုင်ဝမ်အရေး တင်းမာမှုတွေရှိနေတဲ့အတွက် ဖိလစ်ပိုင်အစိုးရဟာ အမေရိကန်ကို သူတို့ရေး စစ်ဌာနချုပ်တွေ အသုံးပြုခွင့်ပေးသွားမယ်လို့ ကာကွယ်ရေးဌာန အကြဲ အကဲက ပြောပါတယ်။ 

၂၀၁၄ ခုနှစ်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဆိုင်ရာ သဘောတူညီချက် 2014 Enhanced Defense Cooperation Agreement (EDCA) အရ အမေရိကန်အစိုးရကို စစ်ရေး နေရာ(၄) ခုထက်မနည်း ပေးအပ်သွားမှာဖြစ်တယ်လို့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ထိုင်ဝမ်ကို ခြိမ်းခြောက်မှုတွေလုပ်နေတဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့ ကြိုးပမ်းမှု အဖြစ် နိုင်ငံတွင်း လုံခြုံရေးတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေချိန်မှာ ဖိလစ်ပိုင်အစိုးရရဲ့ ဆုံးဖြတ်ချက် ဟာ ကြီးမာတဲ့ ကိစ္စဖြစ်တယ်လို့ ဖော်ပြထားပြီး မဟာမိတ်ဖွဲ့မှုကို အားကောင်းစေနိုင်တဲ့ ကတိ ကဝတ်ကို ထပ်မံ အတည်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

EDCA သဘောတူညီချက်အရ ဖိလစ်ပိုင် စစ်ဌာနချုပ် ၉ ခုထိ အသုံးပြုခွင့်ရမှာဖြစ်ပြီး အမေရိ ကန်ဒေါ်လာ (၈၂) မီလျံတန်ဖိုးရှိတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီ နေရာတွေမှာ ခွဲဝေသုံးစွဲသွားမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာထားပါတယ်။ 

ဖိလစ်ပိုင်စစ်ဌာနချုပ်တွေကို အမေရိကန်က ပူးတွဲသင်တန်းပေးတာ၊ အသုံးပြုမယ့် ကိရိယာတွေ ကိုကြိုတင်နေရာချမှတ်တာ၊ ပြေးလမ်းတွေလို စစ်သုံးအဆောက်အအုံ ပရဝုဏ်တွေ တည် ဆောက်တာ၊ လောင်စာသိုလှောင်ရေးနဲ့ စစ်တန်းလျားအိမ်ယာတွေ တည်ဆောက်တာတွေ လုပ်ဆောင်သွားမှာဖြစ်ပေမယ့် အမြဲတမ်းတော့ အသုံးပြုခွင့်ရမှာမဟုတ်ဘူးလို့ EDCA ရဲ့ သဘောတူညီချက်အရ သိရပါတယ်။ 

နှစ်နိုင်ငံ အာဏာပိုင်တွေက တိုးချဲ့သွားမယ့် စစ်ဌာနချုပ်တွေကို ထုတ်ပြန်ကြေညာတာမရှိသေး ဘဲ အရင်ဖိလစ်ပိုင်ကာကွယ်ရေး အကြီးအကဲဟောင်းက ထိုင်ဝမ်နဲ့ နီးစပ်တဲ့ နေရာတွေ နဲ့ အငြင်း ပွားမှုတွေ ဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေထဲမှာ တည်ရှိတဲ့ တပ်ဌာနချုပ် တွေကို ဝင်ရောက်ဖို့ အမေရိကန်ကို တောင်းဆိုဖူးပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်သံရုံးဘက်က မှတ်ချက်တစုံတရာ မပေးထားပေမယ့် EDCA သဘောတူညီမှုဆောင်ရွက်ခဲ့တဲ့ စစ်ရေးဌာနချုပ် ပြင်ပမှာတော့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အမေရိကန် ဆန့်ကျင်ရေး လှုံ့ဆော်နေကြပြီး EDCA ကိုရုတ်သိမ်းဖို့လည်း တောင်းဆိုနေကြပါ တယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.