ဆော်လမွန် – ဖေဖော်ဝါရီ(၃) 

အမေရိကန်ပြည်ထောင်စုက ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုအတွက် ဒေသတွင်းမှာ အမေရိကန် – တရုတ် ပြိုင်ဆိုင်မှုရဲ့တစိတ်တပိုင်းအဖြစ် အဲဒီကျွန်းစုမှာ ဆယ်စုနှစ် (၃) ခုအတွင်း သံရုံးဖွင့် လှစ်ခဲ့တယ်လို့ သိရပါတယ်။ 

Honiara မြို့တော်က သံရုံးဟာ အရင်က ဆော်လမွန်ကျွန်းစုအတွက် အမေရိကန် ကောင်စစ်ဝန် ရုံးဖြစ်ပြီး သံတမန်မရှိခဲ့ဘဲ အဲဒီမြို့မှာ အကြီးဆုံးတရားဝင်အဆောက်အဦးဟာ တရုတ်သံရုံးနဲ့ ဝန်ထမ်းအနည်းငယ်သာ ရှိခဲ့တာပါ။ 

“အမြဲတမ်း အဆောက်အဦတွေ ထူထောင်ပြီး သံတမန်ရေးရာ ဝန်ထမ်းတွေ ထပ်လောင်းချထား ရေး လုပ်ငန်းစဉ်ကို အလျင်အမြန် အရှိန်မြှင့်နေတဲ့အတွက် သံရုံးဖြစ်လာဖို့က တကယ့်ကို ပထမဆုံးခြေလှမ်းပါပဲ” လို့ယာယီသံတမန်ရေးရာ မစ်ရှင်ဒုတိယအကြီးအကဲအဖြစ် ယာယီ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံတမန်အရာရှိက ပြောခဲ့ပါတယ်။ 

လူဦးရေ(၇)သိန်းလောက်ရှိတဲ့ ဆော်လမွန်ကျွန်းနိုင်ငံဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ စီးပွားရေး အရ နောက်ကျကျန်နေပြီး ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ တရုတ်နဲ့ အမေရိကန်အတွက် အဓိက ပြိုင်ဆိုင်ဖို့ နေရာတစ်ခုဖြစ်လာတာပါ။ 

ဆော်လမွန်ကျွန်းစုမှ စီးပွားရေးလုပ်ငန်းရှင် ရောါဘတ်က အမေရိကန် သံရုံးကို ကြိုဆိုပေမယ့် အမေရိကန်အစိုးရရဲ့ စေ့ဆော်မှုကိုတော့ သံသယရှိနေတယ်လို့ ဆိုပါတယ်။ 

“အမေရိကန်အစိုးရကို မေးချင်တာက အခု ဘာကြောင့်လဲပေါ့၊ ဒီကျွန်းနိုင်ငံမှာ အမှန်တကယ်ရှိနေချင်တာလား ဒါမှမဟုတ် နိုင်ငံတွင်း တရုတ်နိုင်ငံရဲ့ တည်ရှိမှုကြောင့် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ ရှိနေသလား” လို့ သူကပြောခဲ့ပါတယ်။ 

သံရုံးဖွင့်လှစ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဆက်ဆံရေးပြန်လည် ထူထောင်တာရဲ့ သင်္ကေတဖြစ်ကာ ပစိဖိတ်ဒေသမှာ သံတမန်အရေးနဲ့ ပတ်သက်ပြီး ထပ်မံ ချဲ့ထွင်းမယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ကြေညာထားပါ တယ်။ 

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ အမေရိကန်နဲ့ ပတ်သက်မှု လျှော့နည်း သွားကာ Peace Corps အေဂျင်စီက တဆင့် သံရုံးတွေနဲ့ အမေရိကန်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ လျှော့ချခဲ့တာဖြစ်ပါတယ်။ 

“ဆော်လမွန်ကျွန်းစုရှိ အမေရိကန်သံရုံးသည် ကျွန်ုပ်တို့၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့အပေါ် မျှဝေထားသော တန်ဖိုးများပေါ်တွင် အခြေခံ၍ အရေးပါသော မိတ်ဖက်နိုင်ငံနှင့် အင်ဒို-ပစိဖိတ် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်သွား မည့် အဓိကပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်” လို့ ယာယီသံသတမန် က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သံတမန်နည်းအရ သီးခြားခွဲထုတ်ဖို့နဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ မဟာမိတ်ရရှိဖို့ ကြိုးပမ်းနေတဲ့ ကျွန်းနိုင်ငံတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခု အတွင်းမှာ တရုတ်နိုင်ငံဟာ အခြေခံအဆောက်အအုံ၊ ချေးငွေနဲ့ အကူအညီတွေအတွက် အဓိက အရင်းအမြစ်ဖြစ်တယ်လို့ သိရပါတယ်။ 

သံရုံးဖွင့်လှစ်တာဟာ ဆော်လမွန်ကို အကူအညီပေးရေး အလှူရှင်တွေဖြစ်တဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုရှိလာစေဖို့ မျှော်လင့်တယ်လို့ မြို့ခံတစ်ဦးက ဆိုခဲ့ပါတယ်။ 

Ref: RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.