February 3, 2023

မြန်မာ့သမိုင်းမှာ စနစ်ကျတဲ့ အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုအဖြစ် သမိုင်းဝင်မှာဖြစ်တယ်လို့ NUG ပြော

မော်လမြိုင် – ဖေဖော်ဝါရီ(၃) နွေဦးတော်လှန်ရေးမှာ ရှိနေတဲ့ အားနည်းချက်တွေကို ပြုပြင်လိုက်ရင် မြန်မာ့သမိုင်းမှာ စနစ်ကျတဲ့ အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှု အဖြစ် သမိုင်းဝင်ကျန်ရစ်မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၃) မှာ အခုကလို ပြောခဲ့တာပါ။ “ကာကွယ်ရေး အုပ်ချုပ်ရေးမှာ ဦးဆောင်မှုပြုနေတဲ့ အစိုးရအဖွဲ့ဝင်များအနေနဲ့ လူထုအခြေပြု…

ညောင်ဇင်အထကကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ဖျက်ဆီး

သရက်ချောင်း၊ ဖေဖေါ်ဝါရီလ (၃) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အထက ညောင်ဇင်စာသင်ကျောင်း ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ ပျူစောထီးတွေဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ ကျောင်းအဆောက်အအုံတွေ အားလုံးနီးပါးပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီနေ့ နံနက် ၈ နာရီကျော်ခန့်မှာ ညောင်ဇင်ကျေးရွာမှာ ပျူစောထီးဆိုသူတစ်ဦး ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၃၀ ကျော်ဟာ…

(Breaking News)ဟုမ္မလင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

ဟုမ္မလင်း – ဖေဖော်ဝါရီ(၃) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဟတ်ယာဉ် ကို ဒီနေ့ ဖေဖော်ဝါရီလ(၃) ရက်နေ့မှာ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း(၁) – ဟုမ္မလင်း ၊ HPDF-124၊HPDF၊HPDF မိုးကြိုးနှင့်မဟာမိတ်တပ်ပေါင်းစုတွေက…

ကယားပြည်နယ်မှာ အာဏာသိမ်းကာလအတွင်းအရပ်သား (၃၀၀) နီးပါအသတ်ခံရ

လွိုင်ကော် – ဖေဖော်ဝါရီ(၃) စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်တာကာလအတွင်း ကယားပြည်နယ်မှာ အရပ်သား(၂၉၂)ဦး သတ်ဖြတ်ခံထားရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၃၅) ဦးနဲ့ ဖမ်းဆီးခံထားရသူ (၃၃၄)ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က သတင်းထုတ်ပြန်ထားပါတယ်။ အရပ်သားပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်ခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ တွေ ကြုံနေရပြီး ဒီလုပ်ရပ်တွေအတွက် စစ်ကောင်စီကတာဝန်ခံရမှာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုထားပါတယ်။ စစ်ကောင်စီက…

ကော့သောင်းမှာ မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ကော့သောင်း၊ ဖေဖော်ဝါရီ(၃) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာနဲ့အောင်ချမ်းသာကျေးရွာကြားမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၆ နာရီအချိန်လောက်က မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့က မာရမ်းကျေးရွာ ပျူစောထီးဒုခေါင်းဆောင်ဦးဆန်းတင် နေအိမ်မှာသေနတ်နဲ့ ပစ်သတ်ခံရမှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က…

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာတိုက်ခိုက်ခံခဲ့ရ

မော်လမြိုင် – ဖေဖော်ဝါရီ(၃) အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလရဲ့ လူမှုကွန်ရက် (Facebook) စာမျက်နှာကို မသမာသူတွေက တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့က စစ်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာတစ်နိုင်ငံလုံး အသံတိတ်သပိတ် အောင်ပွဲခံနေစဉ် ည(၇) နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ ရန်သူဘက်က အွန်လိုင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ဖိဖိစီးစီး အားထုတ်လုပ်ဆောင်လာတဲ့ အတွက် ဆိုရှယ်မီဒီယာအသုံးပြုနေကြတဲ့ တော်လှန်ရေး…

ဗလီဗုံးခွဲသူဟာ ရဲယူနီဖောင်းကိုဝတ်ဆင်ခဲ့တယ်လို့ ပါကစ္စတန်ထုတ်ပြန်

ပတ်ရှာဝါ၊ ဖေဖော်ဝါရီ(၃) ပါကစ္စတန်နိုင်ငံ ပတ်ရှာဝါမြို့၊ ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ ဗလီတစ်ခုမှာလူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့တဲ့ အသေခံ ဗုံးခွဲသမားဟာ ရဲယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ပြီး မော်တော်ဆိုင်ကယ်နဲ့ လုံခြုံရေး တင်းကြပ်ထားတဲ့ ဧရိယာအတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ပြည်နယ်ရဲချုပ်က ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ တိုက်ခိုက်မှုနောက်ကွယ်မှ ဗုံးခွဲသူဟာ စစ်သွေးကြွကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့တယ်လို့ ပြည်နယ်ရဲမှူးကပြောကြားခဲ့ပေမယ့်…

အမေရိကန်ကို စစ်ဌာနချုပ်တွေအသုံးပြုခွင့် ဖိလစ်ပိုင်အစိုးရပေးအပ်

မနီလာ – ဖေဖော်ဝါရီ(၃) အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်ရဲ့ နယ်မြေချဲ့ထွင်မှုတွေ တိုးမြင့်လာတာအပြင် ထိုင်ဝမ်အရေး တင်းမာမှုတွေရှိနေတဲ့အတွက် ဖိလစ်ပိုင်အစိုးရဟာ အမေရိကန်ကို သူတို့ရေး စစ်ဌာနချုပ်တွေ အသုံးပြုခွင့်ပေးသွားမယ်လို့ ကာကွယ်ရေးဌာန အကြဲ အကဲက ပြောပါတယ်။ ၂၀၁၄ ခုနှစ်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဆိုင်ရာ သဘောတူညီချက် 2014 Enhanced Defense Cooperation Agreement (EDCA) အရ…