January 2023

နိုင်ငံတဝန်းမှာနှစ်လခွဲအတွင်း နေအိမ် ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

ရန်ကုန်၊ ဇန်နဝါရီ(၂၆) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ နှစ်လခွဲအတွင်း ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ နှစ်လခွဲအတွင်းမှာတော့…

မွန်ပြည်ကာကွယ်ရေးတပ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာအဓိဌာန်ပြုပွဲ(ဓာတ်ပုံ)

မော်လမြိုင် – ဇန်နဝါရီ(၂၆) မွန်ပြည်ကာကွယ်ရေးတပ် (MSDF-NRC) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာအဓိဌာန် ပြုပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – မွန်ပြည် ကာကွယ်ရေးတပ် (MSDF-NRC)

စစ်အာဏာသိမ်း (၇၂၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၈၂၇ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၆) AAPP ရဲ့ ဇန်နဝါရီ(၂၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၂၄)ရက်အတွင်း ပြည်သူ (၂၈၂၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၅၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသအထိ စစ်မျက်နှာကျယ်ပြန့်လာ

ကမ်းနီ ၊ ဇန်နဝါရီ (၂၆) စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေဟာ အခုအခါမှာတော့ တွေ့ဆုံဆွေးနွေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်ဒေသအထိ စစ်မျက်နှာကျယ်ပြန့်လာတာပါ။ တိုက်ပွဲတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလာသလို နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေပါ ရှိလာတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က ကော့ကရိတ်မြို့နယ်၊…

ရေဖြူမြို့နယ်ကံပေါက်မှာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရ

ရေဖြူ၊ ဇန်နဝါရီ(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့မနက် ၁၀ နာရီလောက်မှာ ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးဟန်ကို…

CDM ဝန်ထမ်းတွေကို အရေးယူဖို့လုပ်ဆောင်တာဟာ လူအခွင့်အရေးချိုးဖောက်မှုဖြစ်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၆) စစ်ကောင်စီက နိုင်ငံတဝန်းရှိ CDM ဝန်းထမ်းတွေကို တစ်လအတွင်း စစ်ဆေးအရေးယူဖို့ လုပ်ဆောင်တာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ CDM ဝန်းထမ်းတွေက တုံ့ပြန်လိုက်ပါတယ်။ စစ်ကောင်စီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက CDM ဝန်ထမ်းတွေကို အရေးယူဖို့အတွက် စစ်တပ်အပါအဝင် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တဲ့ CDM စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီ…

ကျိူက်ထိုမြို့နယ်မှာ ခရီးသွားကားပေါ် လက်နက်ကြီးကျလို့ ၁ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇန်နဝါရီ(၂၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးမှာ ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ခရီးသွားကားပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီလောက်က မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးစစ်ဆေးခံဖို့ စောင့်နေတဲ့ ခရီးသွားကားပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာပါ။…

ကျုံဒိုးမြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေ

ကျုံဒိုး၊ ဇန်နဝါရီ(၂၆) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ၊ ကျုံဒိုးမြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိနေကာ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာခဲ့တာပါ။…

စစ်ကောင်စီမီးရှို့ခဲ့တဲ့ ကျေးရွာတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အခြေခံ အသုံး အဆောင်တွေ လှူဒါန်း

ဆားလင်းကြီး – ဇန်နဝါရီ(၂၅) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ (၄) ရွာက အိမ်ထောင်စု (၁၀၀) အတွက် အခြေခံလိုအပ်ချက်တွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ မီးဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို ဒယ်အိုး(၁)လုံး၊ဒန်အိုး(၁)လုံး၊ကြွေအုပ်(၁) လုံး၊ ဇလုံ(၂)လုံး၊ ဇွန်း(၃) ချောင်း၊ ဆန်(၂) ပြည် နဲ့ ဆီ(၅၀) သားလှူဒါန်းပေးခဲ့တယ်လို့ သိရပါ တယ်။ လက်ရှိအချိန်မှာတော့…

ချဲလ်ဆီး တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို ဘိုင်ယန်အသင်း ခေါ်ယူဖို့ စီစဉ်နေ

မော်လမြိုင်၊ ဇန်နဝါရီ၊ (၂၅) ဂျာမန်ဘွန်ဒက်လီဂါ နာမည်ကြီး ကလပ်အသင်း ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ခေါ်ယူသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာဗက်ဇ် အပြောင်းအရွှေ့အတွက် ကနဦး…