ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးကြောင်းပြသဖို့ မလိုတော့
ဘန်ကောက်၊ ဇန်နဝါရီ (၁၀) ထိုင်းနိုင်ငံအတွင်းကိုရောက်ရှိလာမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးနှံပြီးကြောင်း ပြသဖို့ မလိုအပ်တော့ကြောင်း ကျန်မာရေးဝန်ကြီးက ဇန်နဝါရီလ ၉ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး အနူတင်ချန်ဝီဒါကောက ခရီးသွားတွေအနေနဲ့ ကာကွယ်ဆေး အပြည့်ထိုးထားပြီး ကြောင်း ပြသဖို့ကိစ္စမှာ အဆင်မပြေဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပြီးစီးပြီးဖြစ် တဲ့အတွက် အခုလို လုပ်ဆောင်ဖို့ မလိုအပ်ကြောင်း ပညာရှင်အဖွဲ့က ဖြေရှင်းခဲ့ပြီးဖြစ်တယ်လို့…