နိုင်ငံစီးပွားရေး ၈ ရာခိုင်နှုန်းနီးပါး တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင်ပြော
ရန်ကုန်၊ ဇန်နဝါရီ(၁၁) စစ်ကောင်စီလက်ထက်မှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွားရေး ၈ ရာခိုင်နှုန်းနီးပါး ပြန်လည်တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အရင်အစိုးရလက်ထက်က စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုတွေကြောင့် စီးပွားရေး အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဇန်နဝါရီ ၆…