အင်ဒိုနီးရှားဦးဆောင်မယ့်မြန်မာ့အရေး တွန်းတွန်းတိုက်တိုက်လုပ်လာနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ဆို
ရန်ကုန်၊ ဇန်နဝါရီ(၁၃) အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ တာဝန်ယူဦး ဆောင်မယ့်အပေါ် မြန်မာ့အရေးဟာ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လာနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူ ထားတဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းသွားမှာဖြစ်ပြီး ကိုယ်တိုင်ဦးဆောင်မယ်လို့ ရက်နိုမာဆူဒီက နှစ်ပတ်လည်မိန့်ခွန်းအဖြစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။…