January 2023

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းအသုံးပြုခွင့် စစ်ကောင်စီတပ်ပိတ်ပင်

သံဖြုဇရပ်၊ ဇန်နဝါရီ(၁၈) ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်း အသုံးပြုခွင့်ကို ဒီနေ့ဇန်နဝါရီ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီအနန်းကွင်းဗျူဟာတပ်စခန်းက ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းကို ၈ ရက်တာ မသွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU အသိပေးစာထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းအသုံးပြုခွင့်ကို ထပ်မံပိတ်ပင်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနန်းကွင်းဗျူဟာတပ်စခန်းကနေ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမှာ ဖြတ်သန်းသွား…

ရဲတွေစွန့်ခွာသွားတဲ့ သကျက်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရ

လောင်းလုံး၊ ဇန်နဝါရီ(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာရှိ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာ သွားတဲ့ ရဲကင်းစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (LLPDF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ အဲဒီရဲကင်းစခန်းကို မနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ LLPDF နဲ့အထူးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာပါ။…

နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၅၀,၀၀၀ နီးပါးအထိ ရှိလာ

မော်လမြိုင် – ဇန်နဝါရီ(၁၇) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈,၄၆၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နေအိမ်အလုံးပေါင်း…

ညာလက်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ပြီး ဘယ်လက်နဲ့ လူထုကိုကာကွယ်မယ်လို့ NUG ဆို

မော်လမြိုင် – ဇန်နဝါရီ(၁၇) အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦး တော်လှန်ရေးကို ဦးဆောင်နေတဲ့အတွက် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး မူကိုကိုင်ဆွဲကာ ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်စွဲ ထားတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၁၇) ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း (၃)…

ပုလောမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရ ၄ ဦးသေဆုံး၊ လက်နက်တွေပါ သိမ်းခံရ

ပုလော၊ ဇန်နဝါရီလ(၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီပျူစခန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခံခဲ့ရလို့ ၄ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်း ဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ အဲဒီနေ့ ၁ နာရီခန့်မှာ ရှပ်ပုံရွာမှာအင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ ပျူစခန်းကို မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက…

ကလေးတွေရဲ့ ကျောင်းသုံးစာအုပ်တွေကိုပါ စစ်တပ်ဖျက်ဆီး PDF လုပ်တာလို့ ဝါဒဖြန့် အမှန်/အမှား

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဒီပဲယင်းမြိုနယ် မန်ကျည်းစောက်ရွာစာသင် ကျောင်းရှိ ကျောင်းသုံးစာအုပ်များကို အကြမ်းဖက်ပဒက်များက ရေမျှောဖျက်ဆီး” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…

“မြို့တွင်းဖြစ်စေ၊ ပူးတွဲထိန်းချုပ်တဲ့ နေရာဖြစ်စေ ကျွန်တော်တို့ ကရင်လူငယ်တွေ ဖမ်းဆီးခံရတာတွေ၊ မီးရှို့သွားတာတွေ၊ အသက်ပေးခဲ့တာတွေ ကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့မှာ လှုပ်ရှားနေတဲ့ ကရင်လူငယ်တွေလည်း အဖမ်းဆီးခံနေရသလို တစ်ချို့သောအမျိုး သားရေးလုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ရယ်၊ ပေါ်ပေါ်တင်တင်လုပ်နိုင်ဖို့ရယ်က ဒါကအခက်အခဲစိန်ခေါ်မှု တစ်ရပ်အနေနဲ့ကိုဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်”

ကရင်လူငယ်အစည်း အရုံး(KYO) တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်နဲ့ ဆက်သွယ်မေးမြန်းချက်။ (၆) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့ကနေ ၈ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကွန်ကရက်မှာ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် (၂၁) ချက်ချမှတ်ခဲ့သလို ဗဟိုအလုပ်အမူဆောင်ကော်မတီ (၁၁) ဦးကိုလည်း မဲပေးရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံမှာ…

ဂျပန်နဲ့ အိန္ဒိယတို့ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှုစတင်

တိုကျို၊ ဇန်နဝါရီ(၁၇) ဂျပန်နဲ့ အိန္ဒိယတို့ ပူပေါင်းပြီး တိုကျိုမြို့အနီးမှာ ပထမဦးဆုံးအကြိမ် ဖိုက်တာဂျက်လေယာဉ် ပူးတွဲ စစ်ရေး လေ့ကျင့် ပျံသန်းမှုကို စတင်လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်ရတာဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားကြီးထွားလာမှုကို စောင့်ကြည့်နိုင်ဖို့အတွက် နဲ့ နိုင်ငံတွေရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးသဘောတူညီချက်တွေကို အရှိန်မြင့်ဆောင်ရွက်တဲ့အနေနဲ့ ပြုလုပ်တာ ဖြစ်တယ်လို့လည်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ၁၁ ရက်ကြာမြင့်မယ့် အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယနိုင်ငံမှ…