တနင်္သာရီမြို့နယ်ထဲက NUG ထိန်းချုပ်နယ်မြေမှာ ဘောလုံးပြိုင်ပွဲပြုလုပ်
တနင်္သာရီ – ဇန်နဝါရီ(၁၈) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီလ(၁၈) ရက်နေ့မှာ ဘောလုံး ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်တဲ့ ဘောလုံးပွဲမှာ ကျေးရွာအသီးသီးက ဘောလုံး အသင်း(၇) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း – သံလွင်တိုင်းမ်