ပုလောမြို့နယ်ရှပ်ပုံရွာကို စစ်ကောင်စီတပ်မီးရှို့
ပုလော၊ ဇန်နဝါရီ(၂၀)တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် တပ်အင်အားထပ်တိုးလာတဲ့ စစ်ကောင်စီတပ်က အဲဒီနေ့မှာရွာဖျားရပ်ကွက် လူမရှိတဲ့နေ အိမ်တွေကနေစပြီး မီးရှို့ဖျက်ဆီးနေတာပါ။ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် လတ်တလောမှာ နေအိမ် ၉ လုံး…