January 2023

ကာစီနိုတွေ တရားဝင်ဖြစ်လာဖို့အဆိုပြုချက်ကို ထိုင်းပါလီမန် သုံးသပ်မယ်

ဘန်ကောက် – ဇန်နဝါရီ(၂၁) ထိုင်းပါလီမန်က စင်္ကာပူနိုင်ငံမှာ မြင်တွေ့ရတဲ့ ကာစီနိုတွေနဲ့ ဆင်တူတဲ့ ဖျော်ဖြေရေး လုပ်ငန်း အဆောက်အအုံတွေကို လေ့လာနေတယ်လို့ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ က ပြောပါတယ်။ တရားဝင် သတ်မှတ်ထားတဲ့ လောင်းကစားလုပ်ငန်းဖြစ်လာဖို့ လေ့လာနေတဲ့ အောက်လွှတ်တော် အထူးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဘွန်လူးက တရားဝင်ခွင့်ပြုထားတဲ့ ဖျော်ဖြေရေး အဆောက် အဦးကို ဦးစွာတည်ဆောက်ရမယ်လို့…

ဒုစစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ DKBA ဗိုလ်မှူးကြီး စောအေဝမ်းနေအိမ် စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ

ဘုရားသုံးဆူ – ဇန်နဝါရီ(၂၁) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ပြောင်မထိန်းကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာရှိ DKBA အမှတ်(၂) စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို ဒီနေ့ ဒီဇင်ဘာလ (၂၁) ရက် မနက်အစောပိုင်းက စစ်ကောင်စီဂျက်ဖိုက်တာတိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်နဲ့ဘုရား ကျောင်းဆောင်အပါအဝင် အလုပ်သမားတန်းလျားတွေ ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့…

“အာဏာသိမ်းတာခြင်းတူပေမယ့်လို့ ထိုင်းစစ်တပ်အပေါ်မှာတော့ နားလည်မှုရှိတယ်။ မြန်မာအပေါ်မှာတော့ နားလည်မှုမရှိဘူး ဆိုတာက သူတို့ဘယ်လိုပဲအကြောင်းပြပြ အမေရိကန်တို့ အနောက်အုပ်စုက လက်မခံဘူး”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)နဲ့ ဆက်သွယ်မေးမြန်းချက်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မြန်မာ – ထိုင်းတပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတာပါ။ အဲဒီအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးရက်ကြာကျင်းပမယ့် ဒီအစည်း အဝေးမှာ ဘာတွေဆွေးနွေးလာနိုင်လဲ။…

သံဖြူဇရပ် ထင်းရှုးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ

သံဖြူဇရပ်၊ ဇန်နဝါရီ(၂၁) မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်ကောင်စီထင်းရှုးနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားကြပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး နေထိုင်တဲ့ ထင်းရှုးရဲစခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုပြီးနောက်…

စစ်အာဏာသိမ်း (၇၁၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၉၆ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၁) AAPP ရဲ့ ဇန်နဝါရီ(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၉)ရက်အတွင်း ပြည်သူ (၂၇၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၀၄ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၆၁) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ထိုင်းနဲ့မြန်မာစစ်ခေါင်းဆောင်တို့ကြား နယ်စပ်ဒေသလုံခြုံရေးအပြင် ရှင်းလင်းရေးကိစ္စတွေပါဆွေးနွေးလာနိုင်

သံတွဲ၊ ဇန်နဝါရီ(၂၁) ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုရောက်ရှိနေကြတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အကြား ထိုင်း-မြန်မာ နယ်စပ်ဒေသလုံခြုံရေးအပြင် ရှင်းလင်းရေးကိစ္စရပ်တွေပါ ဆွေးနွေးလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သုံးရက်ကြာကျင်းပမယ့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မြန်မာ – ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို သံတွဲမြို့နယ်၊ ငပလီကမ်း ခြေမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတာပါ။…

KNU ညောင်လေးပင်ခရိုင်မှာ လဝက်အတွင်းတိုက်ပွဲအကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့

ညောင်လေးပင်၊ ဇန်နဝါရီ(၂၁)ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၁၅ ရက် နေ့ထိ လဝက်အတွင်း KNLA ၊ KNDO နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်းအကြိမ် ၅၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ အဲဒီလဝက်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာ…

စစ်ကောင်စီရွေးကောက်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းနေသူတွေကို အရေးယူမယ်လို့ KNU သထုံခရိုင် ပြော

သထုံ၊ ဇန်နဝါရီ(၂၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူတွေကို ထိရောက်စွာအ ရေးယူမယ်လို့ KNU သထုံခရိုင်က သတိပေးလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ပေါင်၊ ချောင်ဆုံး၊…

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးတန်ဖိုးရှိပစ္စည်းတွေ ယူ ဆောင်သွား

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၂၁)ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ် ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူလူထုရဲ့ နေအိမ်အဆောက်အဦးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေလက်ဝတ်ရတနာနဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ(၄)ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့အနီးရှိ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်စခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး…