January 2023

NUG ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့လို့ လက်တုံ့ပြန်တဲ့အနေနဲ့ ပျူစောထီးရွာတိုက်ခိုက်ခံရ

မြိုင် – ဇန်နဝါရီ(၂၃) မကွေးတိုင်း မြိုင်မြို့နယ် ဗဟင်းကျေးရွာက NUG ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်တဲ့ အနေနဲ့ ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပ.က.ဖ ကသံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့ ကန်နီပျူစောထီးကျေးရွာကို နေ့လည်ပိုင်းကနေ ညပိုင်း အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကို မြိုင်…

ဖေ့ဘွတ်ခ်ဆယ်လီ အောင်ချမ်းအေး ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ခံရ

ကျိုက်ထို၊ ဇန်နဝါရီလ (၂၃) ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနေ ဖေ့ဘွတ်ခ် ဆယ်လီအောင်ချမ်းအေး ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ ကိုအောင်ချမ်းအေးဟာ ပြင်ဦးလွင်ကနေ ကော့ထင်းကျေးရွာရှိ နေအိမ်ကို ပြန်လာချိန် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “မနေ့က သူခရီးကနေအိမ်ပြန်လာတာ အိမ်ရောက်ပြီးမကြာဘူး ဖမ်းခံလိုက်ရတယ်။ တစ်ခုဘဲ အံသြတာ…

ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံဒုဗိုလ်မှူးကြီး နဲ့တပ်ကြပ်ကြီး အဆင့်ရှိသူတို့ကို အသေပစ်ခတ်ဖမ်းဆီးရမိ

တောင်ငူ – ဇန်နဝါရီ(၂၃) ရန်ကုန် – မန္တလေးအမြန်လမ်းမိုင်တိုင် (၁၆၁) အနီးမှာ UG တော်လှန်ရေးရဲဘော်တွေကို အသွင်ယူဖမ်း ဆီးနေတဲ့ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်(ဒုဗိုလ်မှူးကြီး အစမ်းခန့်) နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ ပူးပေါင်း အဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့…

စစ်ကောင်စီမီးရှို့ခဲ့တဲ့ ကျေးရွာတွေကို မုံရွာတက္ကသိုလ်နဲ့ သပိတ်အင်အားစုတွေ အခြေခံလိုအပ်တာတွေလှူဒါန်း

ဆားလင်းကြီး – ဇန်နဝါရီ(၂၃) စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေ က မီးဘေးသင့် ပြည်သူတွေကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင်အဖွဲ့ (၆) ဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ဆားလင်းကြီးမြို့နယ်ကို တစ်လအတွင်း စစ်ကြောင်း နှစ်ကြိမ်ထိုးပြီးနောက် ကျေးရွာ(၆) ရွာက ပြည်သူပိုင်နေအိမ်(၂၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ တာပါ။ လက်လလောမှာတော့ မီးဘေးသင့် ပြည်သူတွေကို…

တော်လှန်ရေးရဲဘော်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ကိစ္စ ငွေတောင်စားသောက်ဆိုင် တာဝန်ယူရမယ်လို့ ဆို

ရန်ကုန် – ဇန်နဝါရီ(၂၃) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့တာကို ပြန်လည်တာဝန်ယူရမယ်လို့ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၁) ရက်နေ့က ငွေတောင်စားသောက်ဆိုင်နဲ့ ကပ်လျက်မှာ ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို UG လူငယ်နှစ်ဦးက ဗုံးနဲ့ပစ်ပြီး ထွက်ပြေးချိန်မှာ…

KNU ညောင်လေးပင်ခရိုင် တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

ညောင်လေးပင်၊ ဇန်နဝါရီ(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အခုနှစ်ဆန်းပိုင်းစကပြီး ဒီကနေ့အချိန်ထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၅၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား…

စစ်ကောင်စီခေါ်ယူကျင်းပမယ့် ကာလုံအစည်းအဝေး ဥပဒေနဲ့မညီ

ရန်ကုန် ၊ ဇန်နဝါရီ (၂၂) နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးပြီးဖြစ်တဲ့ လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ခေါ်ယူကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံ ခြုံရေး ကောင်စီအစည်းအဝေးဟာ ဥပဒေနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီပြောခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပမယ့်…

ဘောလခဲအခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ဘောလခဲ၊ ဇန်နဝါရီ(၂၂) ကယားပြည်နယ် ၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးက မယ်စလောင်းတောင်ကုန်းပေါ်မှာ အခိုင် အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ် အဲဒီစစ်ကောင်စီတပ်စခန်းကို KNDF ပူးပေါင်းတပ်ဖွဲ့က မနက် ၇ နာရီ မိနစ် ၅၀ လောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အချိန်…