January 2023

ခရီးသွားဧည့်သည်ဆီက အခကြေးငွေယူပြီး အစောင့်အကြပ်အနေနဲ့ လိုက်ပါပို့ဆောင်တဲ့ ရဲအရာ ရှိတွေကို ထိုင်ရဲတပ်ဖွဲ့အကြီးအကဲစုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်

ဘန်ကောက် – ဇန်နဝါရီ(၂၄) ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦးဟာ ဟိုတယ်ကို သွားရောက်ဖို့ ရှေ့ပြေးအစောင့်အကြပ်နဲ့ လိုက်ပါပို့ဆောင်ပေးဖို့ ငွေပေးတောင်းဆိုတာလက်ခံ ခဲ့တဲ့ ထိုင်းရဲအရာရှိ(၃) ဦးကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့အကြီးအကဲက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် (၃) နာရီကြာမြင့်မယ့် ခရီးကို (၁) နာရီသာကြာအောင် ထိုင်း လူဝင်မှု ကြီးကြပ်ရေးက သူမကို အလျင်အမြန်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ခရီးသွားဧည့်သည် အမျိုး…

ရန်ကုန်ကမြို့နယ်တော်တော်များများ ရေပြတ်လပ်ကာအခက်ကြုံနေရ

ရန်ကုန်၊ ဇန်နဝါရီ (၂၄) ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ မြို့တော်စည်ပင်က ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ ရေပေးဝေမှုဖြတ်တောက်လိုက်တာကြောင့် သုံးရေ၊ ချိုးရေတွေပြတ်လပ်ကာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေပြတ်လပ်သွားတဲ့ မြို့နယ်တွေက ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မရမ်းကုန်း၊ ရန် ကင်း၊ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ဖြစ်ပြီး လူနေထူထပ်ကာ အထပ်မြင့်တိုက်ခန်းတွေအများဆုံးရှိတဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။ “ ရေဖြတ်မယ်ဆိုတာ…

ရေးမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရ

ရေး၊ ဇန်နဝါရီ(၂၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ တံတားနီအလွန် ရေး-လမိုင်း မီးရထားသံလမ်းဘေးမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်က အသတ်ခံထားရတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသတ်ခံလိုက်ရတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ရထားသံလမ်းဘေး ခြုံထဲမှာသစ်ခက်တွေနဲ့ အုပ်ထားတဲ့…

စစ်အာဏာသိမ်း (၇၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၈၁၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၄) AAPP ရဲ့ ဇန်နဝါရီ(၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၂၂)ရက်အတွင်း ပြည်သူ (၂၈၁၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၂၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၆၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

စစ်ကောင်စီလက်ထက် အခြေခံပြည်သူတွေ ဘဝရပ်တည်ရှင်သန်ဖို့ ပိုမိုခက်ခဲလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၄) အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အခြေခံပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့အတူ မိသားစုစားဝတ်နေရေး ပြဿနာတွေကြောင့် ဘဝရပ်တည်ရှင်သန်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခြေခံပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အခြေခံစားသောက်ကုန်အပြင် ကုန်ဈေးနှုန်းတွေအဆမတန်ကြီးမြင့်နေတာ၊ အလုပ်အကိုင်ရှားပါးလာတာနဲ့အတူ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် ထမင်းနပ်မှန်ဖို့ပင် မနည်းရုန်းကန်နေရတာပါ။ တဖက်မှာတော့ အခြေခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေအပြင် သွားလာခွင့် ကန့် သတ်ချက်တွေကြောင့်…

MSICC ကို မွန်ပြည်ဖက်ဒရယ်ကောင်စီအဖြစ် ပြောင်းလဲဖွဲ့စည်း

မော်လမြိုင်၊ ဇန်နဝါရီ(၂၄) စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ကို အာဏာသိမ်းကာလ ၂ နှစ်နီးပါးပြည့်ခါနီးမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖြစ် အသွင်ကူးပြောင်း ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကို ပြည်နယ်အခြေပြု မွန်ပြည်ဖက်ဒရယ်ယူနစ်အဖြစ် သတ်မှတ်တယ်လို့ ဇန်နဝါရီ ၂၂ ရက်နေ့ကကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ပထမကြိမ်…

NUG ရောင်းချခဲ့တဲ့ တိုက်ခန်းအားလုံး ၁၈နာရီအတွင်းရောင်းကုန်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ(၂၄) အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်တပ်ပိုင်နယ်မြေမှာ ဆောက်လုပ်သွားမယ့် ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေဟာ စတင်ရောင်းခဲ့တဲ့ ၁၈ နာရီအတွင်းရောင်းကုန်ခဲ့တယ်လို့ အာဏာရှင်စနစ်အဆုံးသတ်ရေးအဖွဲ့ (EOD) က ထုတ်ပြန်ပါတယ်။ အဲဒီကွန်ဒိုတိုက်ခန်းတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက ဦးဆောင်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။…

KNU ကျုံဒိုးမြို့နယ်မှာ စစ်တပ်လက်နက်ကြီးထိမှန်တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကျုံဒိုး၊ ဇန်နဝါရီ(၂၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကျုံဒိုးမြို့နယ်အတွင်း ဒီရက်ပိုင်းထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံအမျိူးသမီး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၀)ရက်နေ့က KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မြေနီကုန်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာပါ။ ဒါ့အပြင်…

ထားဝယ်-ထီးခီးကားလမ်း ရက်အကန့်အသတ်မရှိပိတ်

ထားဝယ်၊ ဇန်နဝါရီ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးကားလမ်းကို စစ်ကောင်စီနဲ့ ဒေသပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဘက်ကပါ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်-ထီးခီးကားလမ်းကို လုံခြုံရေးအရ မသွားလာကြဖို့နဲ့ သတိပေးထားတဲ့ကြားက လိုက်နာတာမရှိဘဲ သွားလာပါက ဖြစ်လာတဲ့အကျိုးဆက်ကို တာဝန်မယူဘူးလို့ နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ဆာကဆော့တပ်မတို့က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပူးပေါင်းကြေညာချက် ထုတ်ပြန်ထားပါတယ်။…

(Breaking News)ဘုရားသုံးဆူမြို့က ထွေအုပ်ရုံးနဲ့ လဝကရုံးတွေ မီးလောင်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေ

ဘုရားသုံးဆူ – ဇန်နဝါရီ(၂၄) ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ ဒီနေ့ ညပိုင်းက ထွေအုပ်နဲ့ လဝက ရုံးတွေ မီးလောင်နေပြီး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ဘုရားသုံးဆူသတင်းကောင်းလာပြီ စစ်ကောင်စီလ၀ကရုံး ပြာကျ၊မအလရေ အမျှ အမျှ လုပ်ချင်အုံးရွေးကောက်ပွဲ” ဆိုတဲ့ စာတိုတွေနဲ့ မီးလောင်နေတဲ့ ပုံတွေ တင်ထားတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ထောက်လှမ်းရေးရုံး(စရဖ)၊အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊လဝကရုံးတွေ မီးလောင်နေတယ်လို့…