တနင်္သာရီမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
တနင်္သာရီ၊ ဇန်နဝါရီ(၂၅) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၂၃ ရက်နေ့ကနေစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေ သ PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ ဘန်းလမွတ်ကျေးရွာအနီးရှိ စစ်ကောင်စီအမှတ်(၅၅၇) အမြောက်တပ်ကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲဟာ ဒီနေ့ ဇန်နဝါရီ ၂၄…