ဒေလီ – ဇန်နဝါရီ(၂၆) 

အိန္ဒိယ ထိပ်တန်း တက္ကသိုလ် တစ်ခုရဲ့ ကျောင်းဝင်းအတွင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီအကြောင်း ဘီဘီစီရဲ့ မှတ်တမ်းရုပ်ရှင် မပြသခင် လျှပ်စစ်မီး နဲ့ အင်တာနက်ဖြတ်တောက်ခံခဲ့ရတယ်လို့ NDTV သတင်းဌာနက ဖော်ပြထားပါတယ်။ 

နယူးဒေလီမြို့တော် (JNU) တက္ကသိုလ် တာဝန်ရှိသူတွေက မှတ်တမ်းရုပ်ရှင်ပြသရင် စည်းကမ်း ပိုင်ဆိုင်ရာ ဖောက်ဖျက်မှုနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ကျောင်းဝင်းအတွင်း ငြိမ်းချမ်း ရေးနဲ့ သဟဇာတဖြစ်မှုကို နှောင့်ယှက်တာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ 

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က မိုဒီရဲ့ဇာတိ ဂူဂျာရတ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေအတွင်း သူ့ရဲ့ ခေါင်းဆောင်မှုကို မေးခွန်းထုတ်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို မိုဒီအစိုးရက ဝါဒဖြန့်တယ်လို့ဆိုကာ ထုတ်လွှင့်မှုကို ပိတ်ပင်ခဲ့ပြီး နိုင်ငံအတွင်း ဆိုရှယ်မီဒီယာတွေကတစ်ဆင့် မျှဝေတာတွေကိုလည်း တားမြစ်ထားတာဖြစ်ပါတယ်။ 

လူပေါင်းနှစ်ထောင်ကျော် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေအတွင်း မိုဒီဟာ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ပြီး အများစုမှာ မွတ်စလင်တွေဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါ တယ်။ 

သူဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရတဲ့ အချိန်ထိ အနောက်ပိုင်းပြည်နယ်ကို အုပ်ချုပ်ခဲ့ပြီး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ခရီးသွားလာခွင့်ကိုလည်း ခေတ္တပိတ်ပင်ခံခဲ့ရပါတယ်။ 

JNU ကျောင်းသားများ သမဂ္ဂက လက်ဝဲနိုင်ငံရေးခံတပ်အဖြစ် ကာလကြာရှည်စွာ ရှုမြင်ခံထားရ တဲ့ မှတ်တမ်းရုပ်ရှင် “India: The Modi Question” ကို ဇန်နဝါရီ(၂၄) ရက်နေညပိုင်းက သူတို့ ရုံးခန်းမှာ ပြသမှာဖြစ်တယ်လို့ တွစ်တာစာမျက်နှာမှာပြောခဲ့ပါတယ်။ 

ကျောင်းဝင်းအတွင်းရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ မျှဝေထားတဲ့ လင့်ခ် တွေက တစ်ဆင့် မိုဘိုင်းလ်ဖုန်းတွေ၊ လက်တော့တွေမှာ ကြည့်ရှု့နေကြပြီး ကျောင်းသားတချို့က တော့ မှတ်တမ်းရုပ်ရှင်ကြည့်ရင်း ကျောက်တုံးတွေနဲ့ ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

“မပြသခင် နာရီဝက်အလိုမှာ ဓာတ်အားပြတ်တောက်ပြီးကတည်းက မှတ်တမ်းရုပ်ရှင်ကို ကျောင်းဝင်းထဲမှာ လူ ၃၀၀ လောက်က သူတို့ဖုန်းတွေမှာ တိုက်ရိုက်ကြည့်ရှုနေကြပါတယ်” လို့ အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးက ရိုက်တာကို ပြောပါတယ်။ 

မှတ်တမ်းရုပ်ရှင်ပြသဖို့ ခွင့်ပြုချက်မပေးဘူးလို့ တက္ကသိုလ်အုပ်ချုပ်ရေး ဝက်ဘ်ဆိုဒ်မှာ အစော ပိုင်းက ပြောထားပြီး အင်တာနက်ပြတ်တောက်မှုနဲ့ ကျောင်းဝင်းအတွင်း ဓာတ်အားပြတ်တောက် မှုတွေနဲ့ ပတ်သက်လို့ ဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် စာသင်ကျောင်းတွေနဲ့ တခြား အဆောက် အအုံတွေ ပြတ်တောက်သွားတာဖြစ်တဲ့အတွက် အဲဒီပြဿနာကို ဆက်လက် စစ်ဆေးနေတယ်လို့ JNU တက္ကသိုလ်အုပ်ချုပ်ရေးမှူးရုံးသတင်းရင်းမြစ်တစ်ခုက ပြော ပါတယ်။ 

JNU ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ က အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံရဲ့ ရွေးကောက်ခံ အစိုးရက ပိတ်ပင်ထားတဲ့  မှတ်တမ်းရုပ်ရှင် ပြသဖို့ ကျောင်းသားတွေကို တွစ်တာမှာ ဖိတ်ခေါ်ခဲ့ပြီး တက္ကသိုလ် အုပ်ချုပ်ရေးက မီးပျက်မှုအတွက် တာဝန်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ 

“ဒီမိုကရေစီရဲ့ အသံကို တားဆီးဖို့အတွက် အုပ်ချုပ်ရေးက အင်တာနက်နဲ့ လျှပ်စစ်ကို ဖြတ်တောက်လိုက်ပါပြီ၊ ဒါပေမယ့် QR ကုဒ်များကို အသုံးပြု၍ မိုဘိုင်းလ်ဖုန်းများ၏ အကူအညီဖြင့် မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုမှု ရပ်တန့်၍ရမည်မဟုတ်ပါ” လို့  သူမက ပြောခဲ့ ပါတယ်။ 

ဂူဂျာရတ်မှာ ဟိန္ဒူဘုရားဖူးတွေ တင်ဆောင်လာတဲ့ ရထားတစ်စင်းဟာ ၂၀၀၂ ခုနှစ် ဖေဖော်ဝါ ရီလ နှောင်းပိုင်းမှာ အကြမ်းဖက်ခံခဲ့ရပြီး လူ(၅၉) ဦးသေဆုံးခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ဟိန္ဒူလူအုပ်စုတွေဘက်က အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မူဆလင် ရပ်ကွက် တွေထဲ သောင်းကျန်းခဲ့ပြီး အမျိုးသမီးဒါဇင်ပေါင်းများစွာကို သတ်ဖြတ် မုဒိမ်းကျင့်ခဲ့တဲ့ အတွက် အိန္ဒိယနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ဘာသာရေး အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။ 

BBC မှတ်တမ်းရုပ်ရှင်ဟာ အရင်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားတဲ့ အစီရင်ခံစာအရ မိုဒီဟာ အကြီးတန်းရဲအရာရှိတွေကို တွေ့ဆုံပြီးနောက် မွတ်ဆလင်တွေကို တိုက်ခိုက်မှုတွေမှာ စွက်ဖက်တာတွေမပြုလုပ်ဖို့ အမိန့်ပေး တာရှိခဲ့တယ် ဆိုထားပါတယ်။ 

အကြမ်းဖက်မှုဟာ နိုင်ငံရေးအရ လှုံဆော်မှုဖြစ်ပြီး ရည်ရွယ်ချက်မှာ ဟိန္ဒူဒေသတွေက မူဆလင် တွေကို သုတ်သင်ရှင်းလင်းဖို့ ဖြစ်တယ်လို့လည်း သူက ပြောခဲ့တဘ်လို့ ဖော်ပြနေကြပါတယ်။ 

 အဓိကရုဏ်းများဟာ “ပြည်နယ်အစိုးရမှ ဖန်တီးထားတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိဘဲ နာရန်ဒရာမိုဒီတွင်သာ တိုက်ရိုက် တာဝန်ရှိသည်” လို့ဆိုပြီး  ရုပ်ရှင်ကို နိဂုံးချုပ်ထားတာ ဖြစ်ပါတယ်။ 

မိုဒီရဲ့ အစိုးရဟာ လွတ်လပ်စွာပြောဆိုခွင့် လှုပ်ရှားသူတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေရဲ့ သဘောထားကွဲလွဲမှုတွေကို ပိတ်ပင်တယ်လို့ နှစ်ပေါင်းများစွာ စွပ်စွဲခံနေရတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.