မနီလာ – ဇန်နဝါရီ(၂၆) 

ဖိလစ်ပိုင်လေတပ်(PFA) ရဲ့ လေ့ကျင်ရေး လေယာဉ်တစ်စင်းဟာ မြို့တော် မနီလာအနောက် ဘက် (၁၃၃) ကီလိုမီတာအကွာရှိ ဘာတန်ခရိုင်ဒေသန္တရ ပိုင်လာမြို့တော် လယ်ကွင်းနားမှာ ပျက်ကျပြီး လေယာဉ်ပိုင်းလော့နှစ်ဦး သေဆုံးခဲ့ပါတယ်။ 

ပျက်ကျသွားတဲ့ လေယာဉ်ဟာ SIAI-Marchetti SF-260 Trainer အမျိုးအစားဖြစ်ပြီး မောင်နှင် သူတွေဟာ လေတပ်ရဲ့ အမှတ်-၁၅ Strike Wing ဌာနခွဲမှ ပိုင်းလော့တွေ ဖြစ်တယ်လို့ ဖိလစ်ပိုင် လေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီရာ ကွန်ဆူလို ကကစ်တီလိုက ပြောပါတယ်။ 

ဒေသခံရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ပေမယ့် အရပ်သားထိခိုက်မှု မရှိဘူးလို့ ဆိုထားပါတယ်။ 

လေ့ကျင့်ရေးလေယာဉ်ဟာ ဒေသစံတော်ချိန် မနက်(၁၀) နာရီက ဖိလစ်ပိုင်လေတပ်ရဲ့ ကာဗိုက် ခရိုင် ဒေသန္တရ ဆန်လေအမှတ်က ပျံတက်သွားပြီးနောက် ဘတ်တန်မှာ ပျက်ကျခဲ့တာပါ။ 

 “ကျွန်ုပ်တို့ လေယာဥ်နှင့် မိနစ် ၃၀ ကျော်ကြာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်” လို့ 

ဖိလစ်ပိုင်လေတပ်ဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ကပြောခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်အတွင်း ဖိလစ်ပိုင်လေတပ်ရဲ့ SF-260 PT လေယာဉ် လေ့ကျင့် ပျံသန်းမှုတွေကို ရပ်တန့်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ 

PFA ပြောခွင့်ရ ဗိုလ်မှူးကြီး Castillo က ဖိလစ်ပိုင်လေတပ်အနေနဲ့ သေဆုံးသူတွေရဲ့ မိသားစု တွေဆီကို ဝမ်းနည်းကြောင်းပေးပို့ခဲ့တယ်လို့ ဆိုခဲ့ပြီး လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေတာတွေမလုပ်ဖို့လည်း ပြည်သူ တွေကို သတိပေးထားပါတယ်။ 

ဒါ့အပြင် ကျန်ရစ်သူမိသားစုတွေအတွက် လိအပ်တဲ့အကူအညီနဲ့ ပံ့ပိုးမှုတွေကို PAF က ပေးသွား မှာဖြစ်တယ်လို့ အာမခံခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ဘတ်တန်လေယာဉ်ပျက်ကျမှုအပါအဝင် ၂၀၁၁ ခုနှစ်တည်းက ဖြစ်ပွားခဲ့တဲ့ စစ်လေယာဉ်ပျက်ကျမှု (၁၆) မှုထက်မနည်းရှိတယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင်လေတပ်(PAF) လေယာဉ်ပျက်ကျမှုဟာ မနီလာမြောက်ဘက်ရှိ အစ္စဘဲဘာမှာ ခြောက်ဦးဆံ ဆက်စ်နာCessna လေယာဉ်ပျောက်ဆုံးသွားပြီးနောက် တစ်ရက်အကြာမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.